ဒလၿမိဳ႕ တံတားေခ်ာင္းေက်းရြာ ခေနာင္လမ္းမႀကီးေဘး တူးေျမာင္းတြင္ မိန္းခေလးတစ္ဦးေရနစ္ေသဆံုးျခင္း။
Zawgyi
ဒလၿမိဳ႕ တံတားေခ်ာင္းေက်းရြာ ခေနာင္လမ္းမႀကီးေဘး
တူးေျမာင္းတြင္ မိန္းခေလးတစ္ဦးေရနစ္ေသဆံုးျခင္း။
+++++++++++++++++++++++++++++++++++++
ရန္ကုန္တိုင္းေဒသႀကီး ေတာင္ပိုင္းခရိုင္ ဒလ
ၿမိဳ႕နယ္ တံတားေခ်ာင္းေက်းရြာ ခေနာင္လမ္းမႀကီးေဘး
တူးေျမာင္းတြင္ မသိမ့္သႏၵာေက်ာ္(ခ)ပူတူးမ (၁၄)ႏွစ္ ေရ
နစ္ေသဆံုးေနေၾကာင္း သိရသည္။
(၁၁.၆.၂၀၁၈)ရက္ေန႔၊တနလၤာေန႔ ၊(၉း၄၅)အ
ခ်ိန္တြင္ ဒလၿမိဳ႕ ေပ်ာ္ဘြယ္ႀကီး နယ္ေျမရဲစခန္းမႉး ရဲအုပ္
ေက်ာ္သူ တာဝန္ေဆာင္ရြက္ေနစဥ္ ဒလၿမိဳ႕နယ္ တံတား
ေခ်ာင္းစံျပေက်းရြာ ခေနာင္လမ္းမႀကီးေဘး တူးေျမာင္း
တြင္ မိန္းခေလးတစ္ဦးေသဆံုးေနေၾကာင္း သတင္းအရ
အသိသက္ေသ တံတားေခ်ာင္းစံျပေက်းရြာအုပ္ခ်ဳပ္းေရး
မႉး ဦးသိန္းလႈိင္(ခ)ဦးႏိုင္ႀကီး ၊ ဦးတင္ဝင္း၊ဦးတင္ရွိန္တို႔ႏွင့္
အတူ သြားေရာက္စစ္ေဆးရာ
ေသဆံုးသူမွာ မသိမ့္သႏၵာေက်ာ္(ခ)ပူတူးမ(၁၄)ႏွစ္
(ဘ)ဦးေက်ာ္လႈိင္ျဖစ္ၿပီး ၄င္းသည္ တံတားေခ်ာင္းေက်း
ရြာ ခေနာင္လမ္းမႀကီးေဘး ကြင္းအမွတ္(၂၁၇)လယ္အနီး
အက်ယ္(၁၀)ေပ၊အနက္(၈)ေပခန္႔ရွိ ဘက္ဟိုးတူးေျမာင္း
အတြင္း၌ ေမွာက္လ်က္အေနအထား ေသဆံုးေနသည္ကို
ေတြ႕၍ စစ္ေဆးရာ အျခားတစ္စံုတစ္ရာမရွိဘဲ ဝဲယာမ်က္
ခြံ/ေအာက္ႏုတ္ခံ ငါး/ဂဏန္းကိုက္(တြတ္)ထားသည့္ ဒဏ္
ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိ၍ ေသဆံုသူမိခင္း
ေဒၚေဌးေဌးေအာင္အား စစ္ေဆးေမးျမန္းရာ
ေသဆံုးသူမွာ (၁၀.၆.၂၀၁၈)ရက္ေန႔၊(၁၄း၀၀)
နာရီအခ်ိန္ခန္႔က မိုးေရခ်ိဳးမည္ဟုဆိုကာ ေနအိမ္မွ ထြက္
သြားခဲ့ေၾကာင္း ညေနပိုင္းအထိေနအိမ္သို႔ ျပန္လည္ေရာက္
ရွိျခင္း မရွိသျဖင့္ လိုက္လံစံုစမ္းရာ မေတြ႕သျဖင့္ တံတား
ေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမႉးရံုးသို႔ အေၾကာင္းၾကားၿပီး
(၁၁.၆.၂၀၁၈)ရက္၊ နံနက္ပိုင္းအခ်ိန္ လိုက္လံရွာေဖြၾက
စဥ္ အခင္းျဖစ္ေနရာရွိ ေရေျမာင္းအတြင္း ေသဆံုးေန
သည္ကို ေတြ႕ရွိရ၍ ရဲစခန္းသို႔ အေၾကာင္းၾကားျခင္း ျဖစ္
ေၾကာင္း ေသဆံုသူ၏ မိခင္ေျပာျပခ်က္အရ သိရသည္။
ေသဆံုသူအား ဒလၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုသို႔
ရဲေဆးစာျဖင့္ ေပးပို႔ခဲ့ရာ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာ
ထြန္းဝင္းမွ (PR 13/18)ျဖင့္ ဓမၼတာအတိုင္း ေသဆံုးျခင္း
ဟုတ္/မဟုတ္ သိရွိႏိုင္ရန္ စစ္ေဆးေဆာင္ရြက္လ်က္ ရွိ
ေၾကာင္း သိရသည္။
Unicode
ဒလမြို့ တံတားချောင်းကျေးရွာ ခနောင်လမ်းမကြီးဘေး
တူးမြောင်းတွင် မိန်းခလေးတစ်ဦးရေနစ်သေဆုံးခြင်း။
+++++++++++++++++++++++++++++++++++++
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလ
မြို့နယ် တံတားချောင်းကျေးရွာ ခနောင်လမ်းမကြီးဘေး
တူးမြောင်းတွင် မသိမ့်သန္ဒာကျော်(ခ)ပူတူးမ (၁၄)နှစ် ရေ
နစ်သေဆုံးနေကြောင်း သိရသည်။
(၁၁.၆.၂၀၁၈)ရက်နေ့၊တနင်္လာနေ့ ၊(၉း၄၅)အ
ချိန်တွင် ဒလမြို့ ပျော်ဘွယ်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ်
ကျော်သူ တာဝန်ဆောင်ရွက်နေစဉ် ဒလမြို့နယ် တံတား
ချောင်းစံပြကျေးရွာ ခနောင်လမ်းမကြီးဘေး တူးမြောင်း
တွင် မိန်းခလေးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ
အသိသက်သေ တံတားချောင်းစံပြကျေးရွာအုပ်ချုပ်းရေး
မှူး ဦးသိန်းလှိုင်(ခ)ဦးနိုင်ကြီး ၊ ဦးတင်ဝင်း၊ဦးတင်ရှိန်တို့နှင့်
အတူ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ မသိမ့်သန္ဒာကျော်(ခ)ပူတူးမ(၁၄)နှစ်
(ဘ)ဦးကျော်လှိုင်ဖြစ်ပြီး ၎င်းသည် တံတားချောင်းကျေး
ရွာ ခနောင်လမ်းမကြီးဘေး ကွင်းအမှတ်(၂၁၇)လယ်အနီး
အကျယ်(၁၀)ပေ၊အနက်(၈)ပေခန့်ရှိ ဘက်ဟိုးတူးမြောင်း
အတွင်း၌ မှောက်လျက်အနေအထား သေဆုံးနေသည်ကို
တွေ့၍ စစ်ဆေးရာ အခြားတစ်စုံတစ်ရာမရှိဘဲ ဝဲယာမျက်
ခွံ/အောက်နုတ်ခံ ငါး/ဂဏန်းကိုက်(တွတ်)ထားသည့် ဒဏ်
ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ၍ သေဆုံသူမိခင်း
ဒေါ်ဌေးဌေးအောင်အား စစ်ဆေးမေးမြန်းရာ
သေဆုံးသူမှာ (၁၀.၆.၂၀၁၈)ရက်နေ့၊(၁၄း၀၀)
နာရီအချိန်ခန့်က မိုးရေချိုးမည်ဟုဆိုကာ နေအိမ်မှ ထွက်
သွားခဲ့ကြောင်း ညနေပိုင်းအထိနေအိမ်သို့ ပြန်လည်ရောက်
ရှိခြင်း မရှိသဖြင့် လိုက်လံစုံစမ်းရာ မတွေ့သဖြင့် တံတား
ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားပြီး
(၁၁.၆.၂၀၁၈)ရက်၊ နံနက်ပိုင်းအချိန် လိုက်လံရှာဖွေကြ
စဉ် အခင်းဖြစ်နေရာရှိ ရေမြောင်းအတွင်း သေဆုံးနေ
သည်ကို တွေ့ရှိရ၍ ရဲစခန်းသို့ အကြောင်းကြားခြင်း ဖြစ်
ကြောင်း သေဆုံသူ၏ မိခင်ပြောပြချက်အရ သိရသည်။
သေဆုံသူအား ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့
ရဲဆေးစာဖြင့် ပေးပို့ခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ
ထွန်းဝင်းမှ (PR 13/18)ဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း
ဟုတ်/မဟုတ် သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်လျက် ရှိ
ကြောင်း သိရသည်။
ကိုဂျိမ်း(သာမာန်ပြည်သူ)
#H-A
Post a Comment
image quote pre code