ေရေဘးအတြက္ အသင့္ျပင္ထားရန္ႏွင့္ သတိျပဳေနထိုင္ရန္ ထုတ္ျပန္

4 minute read
Zawgyi

ေလဖိအားနည္းရပ္ဝန္း ဘဂၤလားေဒ့ရွ္ကမ္းေျခသို႔ ဝင္ေရာက္ ေသာ္လည္း မိုးႏွင့္ေလျပင္း သတိျပဳရန္လို


 ျမန္မာႏိုင္ငံေဒသအမ်ားစုတြင္ ေနရာကြက္မိုးႀကီးေန၍ ေရေဘးႀကိဳတင္ကာကြယ္ေရး တာဝန္ရွိသူမ်ား ၫႊန္ၾကားပါက အေရးေပၚေျပာင္းေရႊ႕ႏိုင္ေရး အသင့္ျပင္ထားရန္ႏွင့္ သဘာဝေဘးသတိျပဳေနထိုင္ရန္ ဒုတိယသမၼတဦးေဆာင္ေသာ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈေကာ္မတီက သတိေပးခ်က္ထုတ္ျပန္သည္။




See Also :

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူဥကၠ႒အျဖစ္ တာဝန္ယူထားၿပီးတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားပါဝင္ေသာ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈေကာ္မတီကဇြန္လ ၁၀ မွ ၁၄ ရက္အတြင္းမိုးႀကီးႏုိင္မည့္ အေျခအေန သတိေပးထားသည္။


အဆိုပါ ငါးရက္အတြင္း ကခ်င္၊ ရွမ္းႏွင့္ ကယားျပည္နယ္ အပါအဝင္ ျမန္မာႏုိင္ငံေဒသအႏွံ႔၌ ေနရာကြက္မိုးႀကီးႏိုင္ေၾကာင္းမိုးဇလကသတိေပးခ်က္ထုတ္ျပန္ထားၿပီး ျမစ္၊ ေခ်ာင္းမ်ားအနီးႏွင့္ ေတာင္ေပၚေဒသရွိ ေျမၿပိဳမႈမ်ားျဖစ္ေပၚႏိုင္သည့္ ေနရာမ်ားမွ ေခတၱေရွာင္ရွားေနထုိင္ရန္ သတိေပးထားသည္။


ထို႔အျပင္ သက္ဆုိင္ရာက ထုတ္ျပန္ေသာ မိုးေလဝသ သတင္းမ်ားကို စဥ္ဆက္မျပတ္ နားေထာင္ရန္ႏွင့္ ျပန္လည္ေဝမွ် ရန္ ေတာင္ေပၚေဒသမ်ား၊ ေခ်ာင္း ဖ်ား၊ ျမစ္ဖ်ားမ်ားတြင္ ေရႀကီးပါ က ျမစ္ဝွမ္းတစ္ေလွ်ာက္တြင္ ႐ုတ္တရက္ေရႀကီးျခင္းမ်ားျဖစ္ႏိုင္ၿပီး လိုအပ္ပါက လံုၿခံဳသည့္ေနရာသို႔ ေရႊ႕ေျပာင္းေနထုိင္ရန္ ဆက္လက္ သတိေပးထားသည္။ သက္ဆိုင္ ရာအစိုးရတာဝန္ရွိသူမ်ားက ၫႊန္ ၾကားလွ်င္ အေရးေပၚ ေျပာင္းေရႊ႕ ႏိုင္ရန္ စီစဥ္ထားရန္ႏွင့္ ေရႏွင့္ဓာတ္ဆားမ်ား၊ ၾကာရွည္ခံအစား အစာမ်ား၊ ေရွးဦးသူနာျပဳပစၥည္း မ်ားႏွင့္ သံုးစြဲေနသည့္ ေဆးဝါး မ်ား၊ ေရစိုခံမိုးကာႏွင့္ အၾကမ္းခံ ဖိနပ္မ်ား၊ ေရစိုခံအိတ္ႏွင့္ ထည့္ ထားသည့္ အေရးႀကီးစာရြက္စာ တမ္းမ်ား၊ ကေလးမ်ား၏ေက်ာင္း သံုးပစၥည္းမ်ား၊ တစ္ကိုယ္ေရ အသံုးအေဆာင္မ်ား အရန္သင့္ ေဆာင္ထားရန္ႏွင့္ လက္ကိုင္ဖုန္း မ်ားအားသြင္းထားရန္ သတိေပး ခ်က္တြင္ ပါဝင္သည္။ ထုိ႔အျပင္ ကမ္းေျခ ေရာက္ေနသူမ်ား အ ေနျဖင့္ သက္ဆိုင္ရာ ေဒသခံ အစိုးရဌာနမ်ား၏ အႀကံျပဳခ်က္မ်ားကို လိုက္နာရန္၊ ကုန္းတြင္းပိုင္းေဒသ ေနထုိင္သူမ်ားအေနျဖင့္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးသည္းထန္စြာ ရြာသြန္းျခင္း၊ မိုးႀကိဳးပစ္ျခင္းမ်ားကို သတိျပဳရန္ႏွင့္ အမိုးအကာေအာက္ ေနထုိင္ရန္လည္း အႀကံျပဳထားသည္။


အမ်ိဳးသား သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္ မတီဝင္၊ ေဘးအႏၲရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာကိုကိုႏိုင္က ‘‘မိုးက ဒီလိုမ်ားေနရင္ ေတာင္က်ေခ်ာင္းေရအႏၲရာယ္နဲ႔ ေျမၿပိဳမႈေဘးက ရွိေနေတာ့ သတိေပးခ်က္ထုတ္ျပန္ထားတာ’’ဟု ေျပာၾကားသည္။


သဘာဝေဘးကာကြယ္ေရး အေရးေပၚအခ်ိန္တြင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏စီစဥ္ေဆာင္ ရြက္မႈမ်ားအတိုင္း လိုက္နာ ေဆာင္ရြက္ျခင္းျဖင့္ ပူးေပါင္းပါ ဝင္ၾကရန္ႏွင့္ လူမႈဝန္ထမ္း၊ ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရးဝန္ႀကီးဌာန၏ Hot Lineဖုန္း ၀၆၇-၃၄၀၄၆၆၆၊ ၃၄၀ ၄၇၇၇ သို႔ အခ်ိန္မေရြး ဆက္သြယ္အကူအညီေတာင္းခံႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။


ေလဖိအားနည္းရပ္ဝန္း သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္းေျခသို႔ ဝင္ေရာက္ေနေသာ္လည္း မုတ္သံုေလအားအလြန္ေကာင္းေန၍ ျမန္မာႏိုင္ငံ ေဒသအမ်ားစုတြင္ မိုးႏွင့္ ေလအားေကာင္းႏိုင္ေၾကာင္း ေဒါက္တာထြန္းလြင္ႏွင့္ မိုးဇလ ဌာနက သတိေပးထားသည္။


ဘဂၤလားပင္လယ္ေအာ္မွ ေလဖိအားနည္းရပ္ဝန္းသည္ ဇြန္လ ၁၀ ရက္ နံနက္က စတင္ကာဘဂၤလားေဒ့ရွ္ႏုိင္ငံ စစ္တေကာင္း ကမ္းေျခသို႔ ဝင္ေရာက္ေနသည္။ ဇြန္လ ၁၀ ရက္ ညအထိ အားေပ်ာ့ျခင္းမရွိေသးဘဲ မုန္တိုင္းငယ္ ျဖစ္လာႏိုင္ေသးေၾကာင္း သတိ ေပးခ်က္ ထုတ္ျပန္ထားဆဲျဖစ္ သည္။


လတ္တေလာ ရာသီဥတု အေျခအေနအရ ေလျပင္းႏွင့္ ေန ရာကြက္မိုးႀကီးႏုိင္မႈကို မိုးေလ ဝသပညာရွင္ ေဒါက္တာထြန္း လြင္က ေအာက္ပါအတိုင္း သတိေပးသည္။


ဇြန္လ ၁၀ ရက္မွ ၁၂ ရက္ အတြင္း ဧရာဝတီတိုင္းေဒသႀကီး အေနာက္ဘက္ကမ္းေျခႏွင့္ ရခိုင္ ကမ္း႐ိုးတန္းေဒသမ်ားတြင္ ေလတုိက္ႏႈန္း တစ္နာရီ ၁၅ မိုင္မွ ၃၅ မိုင္ခန္႔ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တြင္ တစ္နာရီ ၃၅ မိုင္မွ ၄၅ မိုင္ခန္႔ တိုက္ခတ္ႏိုင္ေၾကာင္း သတိေပးထားသည္။ ရံဖန္ရံခါ အားျပင္း ျပင္းတိုက္ခတ္ေလ့ရွိေသာ ေလပုန္းအေနျဖင့္ ကမ္း႐ိုးတန္းေဒသ တြင္ တစ္နာရီ ၄၅ မိုင္ မွ မိုင္ ၅၀


ခန္႔၊ ကမ္းလြန္ပင္လယ္ျပင္တြင္ မိုင္ ၅၀ မွ ၆၀ ခန္႔အထိ ျပင္းထန္ႏိုင္ေၾကာင္း သတိေပးထားသည္။ တစ္နာရီေလတိုက္ႏႈန္း မုိင္ ၃၀ မွ ၄၀ ခန္႔သည္ ပင္လယ္တြင္ ႀကံဳေတြ႕ေနက် အေျခအေနျဖစ္ ေသာ္လည္း ၄၅ မိုင္ေက်ာ္ပါက ေရယာဥ္မ်ားအတြက္ သတိျပဳရ မည့္ အေျခအေနျဖစ္သည္။


ရခိုင္၊ ခ်င္း၊ ကခ်င္၊ မြန္၊ ကရင္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီးအထက္ပိုင္းေဒသမ်ား တြင္ ေနရာကြက္မိုးႀကီးႏုိင္သလို ေလျပင္းအႏၲရာယ္ သတိျပဳေန ထုိင္ရန္ ေဒါက္တာထြန္းလြင္က အႀကံျပဳသည္။

ေလဖိအားနည္းရပ္ဝန္း သည္ ဇြန္လ ၈ ရက္တြင္ စတင္ ျဖစ္ေပၚလာၿပီး ယင္းအရွိန္ေၾကာင့္ မုတ္သံုေလအား အလြန္ေကာင္း ခဲ့ကာ ျမန္မာႏိုင္ငံ ေဒသအခ်ိဳ႕၌ ေရေဘးႀကံဳေတြ႕ခဲ့သည္။ မေကြး တိုင္းေဒသႀကီး ေဆာႏွင့္ ပခုကၠဴ၊ ရွမ္းျပည္နယ္ နမ့္လန္ၿမိဳ႕တို႔တြင္ ေရေဘးရင္ဆိုင္ခဲ့ရၿပီး လူငါးဦးထက္မနည္း ေသဆံုးကာ ေနအိမ္ တစ္ေထာင္ေက်ာ္ ထိခိုက္ပ်က္စီးခဲ့သည္။

Unicode

လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ဝင်ရောက် သော်လည်း မိုးနှင့်လေပြင်း သတိပြုရန်လို


 မြန်မာနိုင်ငံဒေသအများစုတွင် နေရာကွက်မိုးကြီးနေ၍ ရေဘေးကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ ညွှန်ကြားပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရေး အသင့်ပြင်ထားရန်နှင့် သဘာဝဘေးသတိပြုနေထိုင်ရန် ဒုတိယသမ္မတဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတိပေးချက်ထုတ်ပြန်သည်။


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များပါဝင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကဇွန်လ ၁၀ မှ ၁၄ ရက်အတွင်းမိုးကြီးနိုင်မည့် အခြေအနေ သတိပေးထားသည်။


အဆိုပါ ငါးရက်အတွင်း ကချင်၊ ရှမ်းနှင့် ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့၌ နေရာကွက်မိုးကြီးနိုင်ကြောင်းမိုးဇလကသတိပေးချက်ထုတ်ပြန်ထားပြီး မြစ်၊ ချောင်းများအနီးနှင့် တောင်ပေါ်ဒေသရှိ မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ရန် သတိပေးထားသည်။


ထို့အပြင် သက်ဆိုင်ရာက ထုတ်ပြန်သော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ရန်နှင့် ပြန်လည်ဝေမျှ ရန် တောင်ပေါ်ဒေသများ၊ ချောင်း ဖျား၊ မြစ်ဖျားများတွင် ရေကြီးပါ က မြစ်ဝှမ်းတစ်လျှောက်တွင် ရုတ်တရက်ရေကြီးခြင်းများဖြစ်နိုင်ပြီး လိုအပ်ပါက လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဆက်လက် သတိပေးထားသည်။ သက်ဆိုင် ရာအစိုးရတာဝန်ရှိသူများက ညွှန် ကြားလျှင် အရေးပေါ် ပြောင်းရွှေ့ နိုင်ရန် စီစဉ်ထားရန်နှင့် ရေနှင့်ဓာတ်ဆားများ၊ ကြာရှည်ခံအစား အစာများ၊ ရှေးဦးသူနာပြုပစ္စည်း များနှင့် သုံးစွဲနေသည့် ဆေးဝါး များ၊ ရေစိုခံမိုးကာနှင့် အကြမ်းခံ ဖိနပ်များ၊ ရေစိုခံအိတ်နှင့် ထည့် ထားသည့် အရေးကြီးစာရွက်စာ တမ်းများ၊ ကလေးများ၏ကျောင်း သုံးပစ္စည်းများ၊ တစ်ကိုယ်ရေ အသုံးအဆောင်များ အရန်သင့် ဆောင်ထားရန်နှင့် လက်ကိုင်ဖုန်း များအားသွင်းထားရန် သတိပေး ချက်တွင် ပါဝင်သည်။ ထို့အပြင် ကမ်းခြေ ရောက်နေသူများ အ နေဖြင့် သက်ဆိုင်ရာ ဒေသခံ အစိုးရဌာနများ၏ အကြံပြုချက်များကို လိုက်နာရန်၊ ကုန်းတွင်းပိုင်းဒေသ နေထိုင်သူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းများကို သတိပြုရန်နှင့် အမိုးအကာအောက် နေထိုင်ရန်လည်း အကြံပြုထားသည်။


အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီဝင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ‘‘မိုးက ဒီလိုများနေရင် တောင်ကျချောင်းရေအန္တရာယ်နဲ့ မြေပြိုမှုဘေးက ရှိနေတော့ သတိပေးချက်ထုတ်ပြန်ထားတာ’’ဟု ပြောကြားသည်။


သဘာဝဘေးကာကွယ်ရေး အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏စီစဉ်ဆောင် ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ ဝင်ကြရန်နှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ Hot Lineဖုန်း ၀၆၇-၃၄၀၄၆၆၆၊ ၃၄၀ ၄၇၇၇ သို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။


လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေသို့ ဝင်ရောက်နေသော်လည်း မုတ်သုံလေအားအလွန်ကောင်းနေ၍ မြန်မာနိုင်ငံ ဒေသအများစုတွင် မိုးနှင့် လေအားကောင်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်နှင့် မိုးဇလ ဌာနက သတိပေးထားသည်။


ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် ဇွန်လ ၁၀ ရက် နံနက်က စတင်ကာဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ကမ်းခြေသို့ ဝင်ရောက်နေသည်။ ဇွန်လ ၁၀ ရက် ညအထိ အားပျော့ခြင်းမရှိသေးဘဲ မုန်တိုင်းငယ် ဖြစ်လာနိုင်သေးကြောင်း သတိ ပေးချက် ထုတ်ပြန်ထားဆဲဖြစ် သည်။


လတ်တလော ရာသီဥတု အခြေအနေအရ လေပြင်းနှင့် နေ ရာကွက်မိုးကြီးနိုင်မှုကို မိုးလေ ဝသပညာရှင် ဒေါက်တာထွန်း လွင်က အောက်ပါအတိုင်း သတိပေးသည်။


ဇွန်လ ၁၀ ရက်မှ ၁၂ ရက် အတွင်း ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေနှင့် ရခိုင် ကမ်းရိုးတန်းဒေသများတွင် လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ ၃၅ မိုင်ခန့်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် တစ်နာရီ ၃၅ မိုင်မှ ၄၅ မိုင်ခန့် တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။ ရံဖန်ရံခါ အားပြင်း ပြင်းတိုက်ခတ်လေ့ရှိသော လေပုန်းအနေဖြင့် ကမ်းရိုးတန်းဒေသ တွင် တစ်နာရီ ၄၅ မိုင် မှ မိုင် ၅၀

ခန့်၊ ကမ်းလွန်ပင်လယ်ပြင်တွင် မိုင် ၅၀ မှ ၆၀ ခန့်အထိ ပြင်းထန်နိုင်ကြောင်း သတိပေးထားသည်။ တစ်နာရီလေတိုက်နှုန်း မိုင် ၃၀ မှ ၄၀ ခန့်သည် ပင်လယ်တွင် ကြုံတွေ့နေကျ အခြေအနေဖြစ် သော်လည်း ၄၅ မိုင်ကျော်ပါက ရေယာဉ်များအတွက် သတိပြုရ မည့် အခြေအနေဖြစ်သည်။

ရခိုင်၊ ချင်း၊ ကချင်၊ မွန်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းဒေသများ တွင် နေရာကွက်မိုးကြီးနိုင်သလို လေပြင်းအန္တရာယ် သတိပြုနေ ထိုင်ရန် ဒေါက်တာထွန်းလွင်က အကြံပြုသည်။

လေဖိအားနည်းရပ်ဝန်း သည် ဇွန်လ ၈ ရက်တွင် စတင် ဖြစ်ပေါ်လာပြီး ယင်းအရှိန်ကြောင့် မုတ်သုံလေအား အလွန်ကောင်း ခဲ့ကာ မြန်မာနိုင်ငံ ဒေသအချို့၌ ရေဘေးကြုံတွေ့ခဲ့သည်။ မကွေး တိုင်းဒေသကြီး ဆောနှင့် ပခုက္ကူ၊ ရှမ်းပြည်နယ် နမ့်လန်မြို့တို့တွင် ရေဘေးရင်ဆိုင်ခဲ့ရပြီး လူငါးဦးထက်မနည်း သေဆုံးကာ နေအိမ် တစ်ထောင်ကျော် ထိခိုက်ပျက်စီးခဲ့သည်။

#Crd

Ad Blocker Detected :(

Please consider supporting us by disabling your ad blocker.

Please Disable your adblocker and Refresh the page to view the site content.