ဟိုပင္၌ ေက်ာင္းသား(၄)ဦးေပ်ာက္ဆံုးေန

1 minute read

ျမစ္ႀကီးနား၊ ဇြန္ ၂၁ 

ကခ်င္ျပည္နယ္၊ မိုးညႇင္းခရိုင္၊ ဟိုပင္ၿမိဳ႕ရွိ ျမသီတာေက်ာင္းမွ နဝမတန္းေက်ာင္းသား(၂)ဦးႏွင့္ အဌမတန္းေက်ာင္းသား(၂)ဦးတို႔မွာ ဇြန္လ၁၈ရက္ေန႔က ေပ်ာက္ဆံုးလွ်က္ရွိၿပီး အခုခ်ိန္ထိ အဆက္အသြယ္ မရေသးေၾကာင္းသိရသည္။ 


ယင္းေပ်ာက္ဆံုးေနေသာ ေက်ာင္းသား(၄)ဦးတို႔မွာ ျမကၽြန္းသာရပ္ကြက္ေနသူမ်ားျဖစ္ၾကၿပီး ေမာင္သန္႔ဇင္ထြန္း(ခ) ရွမ္းေလး၊(ဘ)ဦးအိုက္ပီး၊ ေမာင္ေဝမင္းစိုး (ဘ) ဦးဝင္းႏြယ္၊ ေမာင္လင္းျမတ္သူ(ဘ)ဦးလွေဖ၊ ေမာင္ေက်ာ္ဇင္မ်ိဳး(ခ)ေက်ာ္မ်ိဳးသန္႔ (ဘ)ဦးေဇာ္ဝင္းတို႔ျဖစ္ၿပီး မိမိေနအိမ္သို႔ ေန႔လည္စားလာေရာက္စားေသာက္ၿပီးေနာက္ ေက်ာင္းသုိ႔ျပန္လည္ထြက္ခြာသြားခဲ့ရာ ေနအိမ္သို႔ျပန္လည္ ေရာက္ရွိလာျခင္းမရွိဘဲ ေပ်ာက္ဆံုးလွ်က္ရွိေနေၾကာင္းသိရသည္။ 


ျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎တို႔၏မိဘေဆြမ်ိဳးမ်ားက ကူညီရွာေဖြေပးရန္ ဟိုပင္နယ္ေျမရဲစခန္း၌ လူေပ်ာက္အမွတ္စဥ္ (၄/၂၀၁၈)ျဖင့္ အေရးဖြင့္စံုစမ္း ေဆာင္ရြက္ထားေၾကာင္းသိရွိရသည္။ 

လြမ္းေအာင္ / EPN 
https://www.facebook.com/epngnews/
Unicode



မြစ်ကြီးနား၊ ဇွန် ၂၁ 


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ မြသီတာကျောင်းမှ နဝမတန်းကျောင်းသား(၂)ဦးနှင့် အဌမတန်းကျောင်းသား(၂)ဦးတို့မှာ ဇွန်လ၁၈ရက်နေ့က ပျောက်ဆုံးလျှက်ရှိပြီး အခုချိန်ထိ အဆက်အသွယ် မရသေးကြောင်းသိရသည်။ 


See Also :



ယင်းပျောက်ဆုံးနေသော ကျောင်းသား(၄)ဦးတို့မှာ မြကျွန်းသာရပ်ကွက်နေသူများဖြစ်ကြပြီး မောင်သန့်ဇင်ထွန်း(ခ) ရှမ်းလေး၊(ဘ)ဦးအိုက်ပီး၊ မောင်ဝေမင်းစိုး (ဘ) ဦးဝင်းနွယ်၊ မောင်လင်းမြတ်သူ(ဘ)ဦးလှဖေ၊ မောင်ကျော်ဇင်မျိုး(ခ)ကျော်မျိုးသန့် (ဘ)ဦးဇော်ဝင်းတို့ဖြစ်ပြီး မိမိနေအိမ်သို့ နေ့လည်စားလာရောက်စားသောက်ပြီးနောက် ကျောင်းသို့ပြန်လည်ထွက်ခွာသွားခဲ့ရာ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးလျှက်ရှိနေကြောင်းသိရသည်။ 





ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့၏မိဘဆွေမျိုးများက ကူညီရှာဖွေပေးရန် ဟိုပင်နယ်မြေရဲစခန်း၌ လူပျောက်အမှတ်စဉ် (၄/၂၀၁၈)ဖြင့် အရေးဖွင့်စုံစမ်း ဆောင်ရွက်ထားကြောင်းသိရှိရသည်။ 


လွမ်းအောင် / EPN 

https://www.facebook.com/epngnews/

Ad Blocker Detected :(

Please consider supporting us by disabling your ad blocker.

Please Disable your adblocker and Refresh the page to view the site content.