ေသနတ္သမားၾကည္လင္းအမႈတြဲမွ ေအာင္ဝင္းေဇာ္အား လက္နက္မႈမွ တရားရွင္လႊတ္ေပး

2 minute read
Zawgyi
ရန္ကုန္၊ ဇြန္လ ၁၈ ။          ။ တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရသည့္ အမႈႏွင့္ ပတ္သက္ၿပီး ေသနတ္သမားၾကည္လင
Photo-EPA
ရန္ကုန္၊ ဇြန္လ ၁၈ ။          ။ တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရသည့္ အမႈႏွင့္ ပတ္သက္ၿပီး ေသနတ္သမားၾကည္လင္း အမႈတြဲမွ ေအာင္ဝင္းေဇာ္အား လက္နက္မႈမွ တရားရွင္လႊတ္ေပး ေၾကာင္း ရန္ကုန္တိုင္းတရားလႊတ္ေတာ္မွ ယေန႔ ဇြန္လ ၁၈ ရက္တြင္ အမိန္႔ခ်မွတ္ခဲ့သည္။
ထို႔ျပင္ ၾကည္လင္းႏွင့္ ေအာင္ဝင္းထြန္းကို မူလစြဲတင္ထားသည့္ ပုဒ္မမ်ားအတုိင္းဆက္လက္စစ္ေဆးရန္ႏွင့္ ေဇယ်ာၿဖိဳးအား ပူးေပါင္းႀကံစည္မႈ ပုဒ္မ- ၃၄ မွ ပူးေပါင္းၾကံစည္မႈ ပုဒ္မ ၁ဝ၉ သို႔ေျပာင္းလဲျပင္ဆင္လိုက္ေၾကာင္း တိုင္းတရားလႊတ္ေတာ္မွ အမိန္႔ခ်မွတ္လိုက္သည္။ ပုဒ္မ၁၀၉သည္ ပင္မက်ဴးလြန္သူ၏က်ဴးလြန္ခဲ့ေသာ ျပစ္မႈအၾကီးအေသးအလိုက္ ျပစ္မႈရင္းအတြက္ သတ္မွတ္ထားေသာ ျပစ္ဒဏ္အတိုင္းခ်မွတ္ရမည့္ ပုဒ္မျဖစ္သည္။
တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ၏ ဇနီးျဖစ္သူ ေဒၚတင္ေအးႏွင့္ အငွားယာဥ္ေမာင္းကိုေနဝင္း၏ဇနီး ေဒၚစုသက္ ခုိင္တို႔က ၾကည္လင္းအပါအဝင္ ၄ ဦးကို အၾကမ္းဖက္ဥပေဒျဖင့္ ထပ္မံစြဲခ်က္တင္ေပးရန္၊ ေအာင္ဝင္းထြန္းအား ပုဒ္မ- ၂၁၂ မွ ၂၂၅ သို႔ေျပာင္း လဲစြဲခ်က္တင္ေပးရန္ ေလွ်ာက္ထားမႈအားလည္း တိုင္းတရားလႊတ္ေတာ္မွ ပယ္ခ်ခဲ့သည္။
“ရာဇဝတ္ျပင္ဆင္မႈ ၆၄(ခ)/၂ဝ၁၈ နဲ႔ေအာင္ဝင္းေဇာ္က မေက်နပ္လို႔ တက္ပါတယ္။အဲ့ဒီအမႈမွာေတာ့ ေအာင္ ဝင္းေဇာ္ကို ျပင္ဆင္မႈကိုခြင့္ျပဳတယ္။သူ႔ကို ၁၉(ဃ)(စ) (လက္နက္ဥပေဒပုဒ္မ) နဲ႔ ပတ္သက္တဲ့ဟာကိုေတာ့ တရားရွင္ လႊတ္လိုက္ပါတယ္” ဟု ျပန္ၾကားေရးအရာရွိက ေျပာသည္။
ေအာင္ဝင္းေဇာ္အား ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးမွ ၃ဝ၂(၁)(ခ)/ ၃၄၊ လက္နက္ဥပေဒပုဒ္မ ၁၉(ဃ) (စ)တို႔ျဖင့္ စြဲခ်က္တင္ထားမႈအား တိုင္းတရားလႊတ္ေတာ္မွ ပယ္ခ်ခဲ့ကာ  ပုဒ္မ- ၃ဝ၂ (၁)(ခ)ျဖင့္သာ ဆက္လက္ေျဖရွင္းရမည္ျဖစ္ေၾကာင္း၊ လက္နက္အမႈမွာ တရားရွင္လႊတ္ေၾကာင္း အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
ယင္းအမႈႏွင့္ ပတ္သက္ၿပီး ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ေသနတ္သမားၾကည္လင္းႏွင့္ ေဇယ်ာၿဖိဳး၊ ေအာင္ဝင္းေဇာ္၊ ေအာင္ဝင္းထြန္းတို႔ကို စြဲခ်က္တင္ခဲ့သည့္ အမိန္႔အေပၚ လံုေလာက္မႈမရွိသည့္အတြက္ ယခုကဲ့သို႔ ထပ္မံအေရးယူ ေပးရန္ေလွ်ာက္ထားရျခင္းျဖစ္ေၾကာင္း တရားလိုမ်ားဘက္မွ လိုက္ပါေဆာင္ရြက္သူ ေရွ႕ေနက ေမလ ၂၅ ရက္ေန႔က ေျပာသည္။
ခ႐ုိင္တရား႐ုံးတြင္ ဥပေဒပုဒ္မ- ၃ဝ၂ (၁) (ခ)/ ၃၄ ႏွင့္ ၃ဝ၂ (၂) ျဖင့္ စြဲခ်က္တင္ထားသည့္ ေသနတ္သမား ၾကည္လင္းႏွင့္ ေဇယ်ာၿဖိဳး၊ ေအာင္ဝင္းေဇာ္တို႔အား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ- ၄၁၊ ၄၉၊ ၅၄ တို႔ျဖင့္ စြဲခ်က္တိုးျမွင့္ ေပးရန္တိုင္း တရား႐ုံးကိုေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။
ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၂၁၂ ျဖင့္ စြဲခ်က္တင္ထားေသာ ေအာင္ဝင္းထြန္းကို ပုဒ္မ ၂၁၂ အစား ၂၂၅ သို႔ ေျပာင္းလဲကာ ဥပေဒပုဒ္မ - ၃ဝ၂ (၁) (ခ)/ ၃၄၊ ၃ဝ၂ (၂) ႏွင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ- ၄၁၊ ၄၉၊ ၅၄ တို႔ျဖင့္ စြဲခ်က္တိုးျမွင့္ေပးရန္ တရားလိုဘက္မွ လိုက္ပါေဆာင္ရြက္သူ ေရွ႕ေနမ်ားက တိုင္းတရား႐ုံးသို႔ ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။
စြပ္စြဲခံရသူဘက္မွ ေဆာင္ရြက္ေပးေနသူ ေရွ႕ေန ဦးေက်ာ္ေက်ာ္ထုိက္ကလည္း ၾကည္လင္းအပါအဝင္ ၄ ဦးကို ရာဇသတ္ႀကီးဥပေဒျဖင့္ စြဲခ်က္တင္ျခင္းကို အၾကမ္းဖက္ဥပေဒျဖင့္ ထပ္မံ တရားစြဲဆိုသည္႔ စီရင္ထံုး မရွိေၾကာင္း၊ စြပ္စြဲခံရသူမ်ား အေန ျဖင့္ အၾကမ္းဖက္ဥပေဒျဖင့္ ၿငိစြန္းမႈမရွိသည့္အတြက္ အၾကမ္းဖက္ဥပေဒပုဒ္မ- ၄၉(င) အား ျပတ္ျပတ္သားသား ပလပ္ေပးရန္ တရားခြင္အတြင္း ၿပီးခဲ့သည့္ ေမလ ၂၅ ရက္ေန႔ကတိုင္း တရား႐ုံး၌ ၾကားနာစစ္ေဆးစဥ္ ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ႏွစ္ဘက္ေလွ်ာက္ထားခ်က္မ်ားႏွင့္ ပတ္သက္ၿပီး ယေန႔ ဇြန္လ ၁၈ ရက္ေန႔တြင္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး တိုင္းတရားရံုးတြင္  ရာဇဝတ္ျပင္ဆင္မႈေလွ်ာက္ထားသူမ်ားအေနျဖင့္ ပလပ္ခံရပါက ျပည္ေထာင္စု တရား လႊတ္ေတာ္သို႔ ဆက္လက္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
Unicode
ရန်ကုန်၊ ဇွန်လ ၁၈ ။          ။ တရားလွှတ်တော်ရှေ့နေဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင

Photo-EPA

ရန်ကုန်၊ ဇွန်လ ၁၈ ။          ။ တရားလွှတ်တော်ရှေ့နေဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်း အမှုတွဲမှ အောင်ဝင်းဇော်အား လက်နက်မှုမှ တရားရှင်လွှတ်ပေး ကြောင်း ရန်ကုန်တိုင်းတရားလွှတ်တော်မှ ယနေ့ ဇွန်လ ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းထွန်းကို မူလစွဲတင်ထားသည့် ပုဒ်မများအတိုင်းဆက်လက်စစ်ဆေးရန်နှင့် ဇေယျာဖြိုးအား ပူးပေါင်းကြံစည်မှု ပုဒ်မ- ၃၄ မှ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁ဝ၉ သို့ပြောင်းလဲပြင်ဆင်လိုက်ကြောင်း တိုင်းတရားလွှတ်တော်မှ အမိန့်ချမှတ်လိုက်သည်။ ပုဒ်မ၁၀၉သည် ပင်မကျူးလွန်သူ၏ကျူးလွန်ခဲ့သော ပြစ်မှုအကြီးအသေးအလိုက် ပြစ်မှုရင်းအတွက် သတ်မှတ်ထားသော ပြစ်ဒဏ်အတိုင်းချမှတ်ရမည့် ပုဒ်မဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဇနီးဖြစ်သူ ဒေါ်တင်အေးနှင့် အငှားယာဉ်မောင်းကိုနေဝင်း၏ဇနီး ဒေါ်စုသက် ခိုင်တို့က ကြည်လင်းအပါအဝင် ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် ထပ်မံစွဲချက်တင်ပေးရန်၊ အောင်ဝင်းထွန်းအား ပုဒ်မ- ၂၁၂ မှ ၂၂၅ သို့ပြောင်း လဲစွဲချက်တင်ပေးရန် လျှောက်ထားမှုအားလည်း တိုင်းတရားလွှတ်တော်မှ ပယ်ချခဲ့သည်။

“ရာဇဝတ်ပြင်ဆင်မှု ၆၄(ခ)/၂ဝ၁၈ နဲ့အောင်ဝင်းဇော်က မကျေနပ်လို့ တက်ပါတယ်။အဲ့ဒီအမှုမှာတော့ အောင် ဝင်းဇော်ကို ပြင်ဆင်မှုကိုခွင့်ပြုတယ်။သူ့ကို ၁၉(ဃ)(စ) (လက်နက်ဥပဒေပုဒ်မ) နဲ့ ပတ်သက်တဲ့ဟာကိုတော့ တရားရှင် လွှတ်လိုက်ပါတယ်” ဟု ပြန်ကြားရေးအရာရှိက ပြောသည်။

အောင်ဝင်းဇော်အား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ၃ဝ၂(၁)(ခ)/ ၃၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) (စ)တို့ဖြင့် စွဲချက်တင်ထားမှုအား တိုင်းတရားလွှတ်တော်မှ ပယ်ချခဲ့ကာ  ပုဒ်မ- ၃ဝ၂ (၁)(ခ)ဖြင့်သာ ဆက်လက်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်အမှုမှာ တရားရှင်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က သေနတ်သမားကြည်လင်းနှင့် ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို စွဲချက်တင်ခဲ့သည့် အမိန့်အပေါ် လုံလောက်မှုမရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံအရေးယူ ပေးရန်လျှောက်ထားရခြင်းဖြစ်ကြောင်း တရားလိုများဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေက မေလ ၂၅ ရက်နေ့က ပြောသည်။

ခရိုင်တရားရုံးတွင် ဥပဒေပုဒ်မ- ၃ဝ၂ (၁) (ခ)/ ၃၄ နှင့် ၃ဝ၂ (၂) ဖြင့် စွဲချက်တင်ထားသည့် သေနတ်သမား ကြည်လင်းနှင့် ဇေယျာဖြိုး၊ အောင်ဝင်းဇော်တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၄၁၊ ၄၉၊ ၅၄ တို့ဖြင့် စွဲချက်တိုးမြှင့် ပေးရန်တိုင်း တရားရုံးကိုလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်ထားသော အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂ အစား ၂၂၅ သို့ ပြောင်းလဲကာ ဥပဒေပုဒ်မ - ၃ဝ၂ (၁) (ခ)/ ၃၄၊ ၃ဝ၂ (၂) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၄၁၊ ၄၉၊ ၅၄ တို့ဖြင့် စွဲချက်တိုးမြှင့်ပေးရန် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေများက တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူဘက်မှ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးကျော်ကျော်ထိုက်ကလည်း ကြည်လင်းအပါအဝင် ၄ ဦးကို ရာဇသတ်ကြီးဥပဒေဖြင့် စွဲချက်တင်ခြင်းကို အကြမ်းဖက်ဥပဒေဖြင့် ထပ်မံ တရားစွဲဆိုသည့် စီရင်ထုံး မရှိကြောင်း၊ စွပ်စွဲခံရသူများ အနေ ဖြင့် အကြမ်းဖက်ဥပဒေဖြင့် ငြိစွန်းမှုမရှိသည့်အတွက် အကြမ်းဖက်ဥပဒေပုဒ်မ- ၄၉(င) အား ပြတ်ပြတ်သားသား ပလပ်ပေးရန် တရားခွင်အတွင်း ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကတိုင်း တရားရုံး၌ ကြားနာစစ်ဆေးစဉ် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ်ဘက်လျှောက်ထားချက်များနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တိုင်းတရားရုံးတွင်  ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားသူများအနေဖြင့် ပလပ်ခံရပါက ပြည်ထောင်စု တရား လွှတ်တော်သို့ ဆက်လက် လျှောက်ထားနိုင်ကြောင်း သိရသည်။
#crd
See Also :

Ad Blocker Detected :(

Please consider supporting us by disabling your ad blocker.

Please Disable your adblocker and Refresh the page to view the site content.