ရန်ကုန် ဇွန် ၁၂
သေဆုံးသူအား မည်သူ၊ မည်ဝါဖြစ်ကြောင်း သိရှိနိုင်ရေး အတွက် Yangon Police Facebook လူမှုကွန်ရက် စာမျက်နှာတွင် ကူညီသတင်းပေးနိုင်ရေးဖော်ပြခဲ့ရာ ယင်းနေ့ ည ၁၁ နာရီတွင် သေဆုံးသူ၏ ဇနီးဖြစ်သူက သေဆုံးသူမှာ ၄င်း၏ခင်ပွန်း ကိုသီဟကျော် (ခ)ဖိုးသာထူး ဖြစ်ကြောင်း အတည်ပြု သိရှိခဲ့သည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးရာ ဇွန် ၁၁ ရက်က ဖိုးလပြည့်(ခ)လပြည့်က ဆိုင်ကယ်ဝယ်ရန် ငွေလိုကြောင်း ပြောသဖြင့် ၄င်းတို့သုံးဦး ဆိုင်ကယ်လုယက်ရန် တိုင်ပင်ခဲ့ကြ ကြောင်း၊ လေးထောင့်ကန် (၃)လမ်းနေ သန်းဇော်ဝင်းထံမှCanda CZI -125ဆိုင်ကယ်ကို ငွေကျပ် ၅ဝဝဝ ဖြင့် ငှားရမ်းမောင်းနှင်ခဲ့ပြီး ကျိုက္ကလဲ့ဘုရားရှေ့ ဆိုင်ကယ်ကယ်ရီ ဂိတ်သို့ ရောက်ရှိခဲ့ရာ ဖိုးလပြည့်(ခ) လပြည့်က သေဆုံးသူ၏ ဆိုင်ကယ်အား ငွေကျပ် ၃ဝဝဝ ဖြင့် တိုက်ဂါးဘီယာစက်ရုံ ဘက်သို့ လိုက်ပို့ပေးရန် ငှားရမ်းခဲ့ကြောင်း၊၄င်းဆိုင်ကယ်နောက်မှ နိုင်လင်းထွန်းနှင့် ရဲနိုင်လင်း(ခ) ကရင်တို့က ငှားရမ်းစီးလာသည့် ဆိုင်ကယ်ဖြင့် လိုက်ခဲ့ကြောင်း၊ ရွှေနံ့သာကျေးရွာရှိ လူပြတ်သည့် လမ်းကြားအရောက်တွင် နိုင်လင်းထွန်းနှင့် ရဲနိုင်လင်းတို့ နှစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်အား လုယူကာ နိုင်လင်းထွန်းက စတီးရိုးတပ် ကတ်ကြေးတစ်ဖက်ချွန်ဖြင့် ထိုးခဲ့ပြီး သေဆုံးသူ၏Honda wave-125 ဆိုင်ကယ်ကို လုယူကာ ရဲနိုင်လင်း(ခ)ကရင်၏ နေအိမ်နောက်ဘက်တွင် ဝှက်သိမ်းထားကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိပြီး ၄င်းတို့သုံးဦးကို အခြားလူသတ်ပြီး လုယက်မှုများ ကျူးလွန် ထားခြင်း ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Unicode
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ၂၄ နာရီအတွင်း ဖမ်းမိ
မှုခင်း Thithtoolwin လွန်ခဲ့သော 37 မိနစ်ခန့်က
ရန်ကုန် ဇွန် ၁၂
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရွှေနံ့သာကျေးရွာ နှင်းဆီလမ်းမပေါ်တွင် ဇွန် ၁၁ ရက် ညနေ ၃ နာရီခန့်က ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးကို သေဆုံးအောင်ပြုလုပ်သည့် ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သက်သေခံပစ္စည်း များနှင့်အတူ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၃ နာရီတွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရွှေနံ့သာကျေးရွာ နှင်းဆီလမ်းမပေါ်တွင် အမည်နှင့် နေရပ်လိပ်စာ (စိစစ်ဆဲ) အသက် (၂၅ နှစ်)ခန့်ရှိ အမျိုးသားမှာ ယာဘက် ရင်ညွန့် လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဦးခေါင်းငယ်ထိပ်ဘေး တစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ အပေါ်နှုတ်ခမ်းအထက် ယာဘက် တစ်လက်မ ခန့် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ ထောက်ကြန့်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။
သေဆုံးသူအား မည်သူ၊ မည်ဝါဖြစ်ကြောင်း သိရှိနိုင်ရေး အတွက် Yangon Police Facebook လူမှုကွန်ရက် စာမျက်နှာတွင် ကူညီသတင်းပေးနိုင်ရေးဖော်ပြခဲ့ရာ ယင်းနေ့ ည ၁၁ နာရီတွင် သေဆုံးသူ၏ ဇနီးဖြစ်သူက သေဆုံးသူမှာ ၎င်း၏ခင်ပွန်း ကိုသီဟကျော် (ခ)ဖိုးသာထူး ဖြစ်ကြောင်း အတည်ပြု သိရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အမှုမှန်အမြန် ပေါ်ပေါက်ရေးအတွက် အထူးအမှုစစ်အဖွဲ့အားဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာအနီး၌ အရိုး၊ အသွား ရှစ်လက်မ ခန့်ရှိ စတီး တူချွန်တစ်ချောင်း တွေ့ရှိရပြီး အဆိုပါ လက်နက် ကို အသုံးပြုတတ်သူများမှာ လွန်ခဲ့သော သုံးလခန့်က လုယက်မှုဖြင့် ထောင်မှလွတ်လာသူ ရဲနိုင်လင်း(ခ)ကရင်၊ နိုင်လင်းထွန်း၊ ဖိုးလပြည့်(ခ)လပြည့်တို့ ဖြစ်ပြီး ¤င်းတို့သုံးဦးမှာ ယင်းစတီးတူအား ချွန်ထားသည့် ပိုက်ချွန်လက်နက်ကို ကိုင်ဆောင် သွားလာတတ်ကြောင်း သတင်းအစရရှိခဲ့သည်။ ရရှိသည့် သတင်းစအပေါ်အခြေခံ၍ ရဲတပ်ဖွဲ့ဝင်များက ¤င်းတို့ သုံးဦးကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ ဇွန် ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စု ပုလဲ (၂)ရပ်ကွက် ဂန္ဓမာလမ်းရှိ လက်ဖက်ရည်ဆိုင်၌ ဖိုးလပြည့်(ခ)လပြည့် (၂၇ နှစ်)၊ ရဲနိုင်လင်း (ခ)ကရင်(၂၄ နှစ်)နှင့် နိုင်လင်းထွန်း (၂၁ နှစ်) တို့ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးရာ ဇွန် ၁၁ ရက်က ဖိုးလပြည့်(ခ)လပြည့်က ဆိုင်ကယ်ဝယ်ရန် ငွေလိုကြောင်း ပြောသဖြင့် ၎င်းတို့သုံးဦး ဆိုင်ကယ်လုယက်ရန် တိုင်ပင်ခဲ့ကြ ကြောင်း၊ လေးထောင့်ကန် (၃)လမ်းနေ သန်းဇော်ဝင်းထံမှCanda CZI -125ဆိုင်ကယ်ကို ငွေကျပ် ၅ဝဝဝ ဖြင့် ငှားရမ်းမောင်းနှင်ခဲ့ပြီး ကျိုက္ကလဲ့ဘုရားရှေ့ ဆိုင်ကယ်ကယ်ရီ ဂိတ်သို့ ရောက်ရှိခဲ့ရာ ဖိုးလပြည့်(ခ) လပြည့်က သေဆုံးသူ၏ ဆိုင်ကယ်အား ငွေကျပ် ၃ဝဝဝ ဖြင့် တိုက်ဂါးဘီယာစက်ရုံ ဘက်သို့ လိုက်ပို့ပေးရန် ငှားရမ်းခဲ့ကြောင်း၊၎င်းဆိုင်ကယ်နောက်မှ နိုင်လင်းထွန်းနှင့် ရဲနိုင်လင်း(ခ) ကရင်တို့က ငှားရမ်းစီးလာသည့် ဆိုင်ကယ်ဖြင့် လိုက်ခဲ့ကြောင်း၊ ရွှေနံ့သာကျေးရွာရှိ လူပြတ်သည့် လမ်းကြားအရောက်တွင် နိုင်လင်းထွန်းနှင့် ရဲနိုင်လင်းတို့ နှစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်အား လုယူကာ နိုင်လင်းထွန်းက စတီးရိုးတပ် ကတ်ကြေးတစ်ဖက်ချွန်ဖြင့် ထိုးခဲ့ပြီး သေဆုံးသူ၏Honda wave-125 ဆိုင်ကယ်ကို လုယူကာ ရဲနိုင်လင်း(ခ)ကရင်၏ နေအိမ်နောက်ဘက်တွင် ဝှက်သိမ်းထားကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိပြီး ၎င်းတို့သုံးဦးကို အခြားလူသတ်ပြီး လုယက်မှုများ ကျူးလွန် ထားခြင်း ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Crd