ျခံအတြင္းေခတၱနားခိုခြင့္ေပးထားသူမ်ားက ၿခံရွင္အား ဓားျဖင့္ထိုးကာ ပစၥည္းလုယက္မႈသထံုတြင္ျဖစ္ပြား

ၿခံအတြင္းေခတၱနားခိုခြင့္ေပးထားသူမ်ားက ၿခံရွင္အား ဓားျဖင့္ထိုးကာ ပစၥည္းလုယက္မႈသထံုတြင္ျဖစ္ပြား
မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ ေနာင္ကုလားေက်းရြာရွိ ဥယ်ာဥ္ၿခံတစ္ၿခံတြင္ ဇြန္လ ၁၇ ရက္၊ ည ၇ နာရီ အခ်ိန္ခန္႔က ၿခံအတြင္း ေခတၱနားခိုခြင့္ ေပးထားသူမ်ားက ၿခံရွင္အား ဓားျဖင့္ထိုးကာ ဆိုင္ကယ္၊ ဖုန္းႏွင့္ ေငြအခ်ဳိ႕အား လုယက္ ထြက္ေျပးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ျဖစ္စဥ္မွာ ေနာင္ကုလားေက်းရြာေန ကိုဝင္းေဇာ္ ၄၆ ႏွစ္ (ဘ) ဦးဟံတင္ သည္ အဆိုပါေန႔ ေန႔လယ္ပိုင္းက ေနာင္ကုလားေက်းရြာ၊ ဂႏၶမာလမ္းရွိ မင္းဂြတ္ၿခံသို႔ အသြားတြင္ လမ္းထိပ္ဇရပ္၌ အမည္မသိလူငယ္ ၃ ဦး ထိုင္ေနသည္ကိုေတြ႕ရၿပီး ၎တို႔ ၃ ဦးထဲမွ တစ္ဦးက ဇနီးျဖစ္သူကိုရွာရန္ လာေသာေၾကာင့္ ေခတၱနားခိုႏိုင္ရန္ ေနရာအကူအညီေတာင္းသျဖင့္ ၎ပိုင္ မင္းဂြတ္ၿခံရွိ တဲသို႔ ေခၚေဆာင္ကာ ေနရာေပးထားခဲ့ေၾကာင္း ညပိုင္းတြင္ လူငယ္ ၃ ဦးအား ၿခံထဲ၌ သြားေရာက္ၾကည့္ရႈၿပီး အေျခအေနေမးျမန္းစဥ္ ၎ လူငယ္ ၃ ဦးက အရိုး ၆ လက္မ အသြား၆ လက္မရွိ ဓားျဖင့္ေထာက္ကာ ပါလာေသာ ဆိုင္ကယ္ႏွင့္ပစၥည္းမ်ားလုယူၿပီး လူငယ္တစ္ဦးက ဓားျဖင့္ထိုးကာ ထြက္ေျပးသြားေၾကာင္း ဓားျဖင့္အထိုးခံရသျဖင့္ ကိုဝင္းေဇာ္တြင္ ယာနံၾကား ထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ေနာက္ေက်ာ အလယ္ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ၿပီး သထံုခရိုင္ေဆးရံုသို႔ တင္ပို႔ကုသထားရေၾကာင္း သိရသည္။ 

ျဖစ္စဥ္တြင္ သထံုၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက ဓားျဖင့္ထိုးကာပစၥည္းလုယူသြားသူမ်ားအား စံုစမ္းရွာေဖြရာ သထံုၿမိဳ႕နယ္၊ သုဝဏၰဝတီၿမိဳ႕အတြင္း၌ ရဲကို (ခ)ကိုရဲ ၂၃ ႏွစ္ (ဘ) ဦးျမင့္ဦး လိႈင္သာယာေနသူအား သက္ေသခံဓားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ၎အားစစ္ေဆးရာ လုယက္မႈ က်ဴးလြန္ရာတြင္ ၎ႏွင့္အတူ ပါဝင္သူမ်ားမွာ ရဲျမင့္ ၃၀ ႏွစ္ လိႈင္သာယာေနသူႏွင့္ ေက်ာ္ဇင္ဦး ၂၃ ႏွစ္ လိႈင္သာယာေနသူတို႔ ျဖစ္ၿပီး လုယူသြားေသာဆိုင္ကယ္ႏွင့္အတူ ထြက္ေျပးေနေၾကာင္း သိရသည္။ 

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓားျဖင့္ထိုးကာ ပစၥည္းလုယူမႈက်ဴးလြန္သူ ရဲကို (ခ) ကိုရဲ၊ ရဲျမင့္၊ ေက်ာ္ဇင္ဦးတို႔ ၃ ဦးအား သထံုၿမိဳ႕မရဲစခန္းမွ အမႈဖြင့္ထားၿပီး က်န္ရွိတရားခံမ်ား ဖမ္းဆီးရ မိေရးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။ 

သက္ဦး(သထံု) 

ဖိုးသူေတာ္ (www.phothutaw.com) 
Credit: MOI Webportal Myanmar 
#
Unicode
ခြံအတွင်းခေတ္တနားခိုခွင့်ပေးထားသူများက ခြံရှင်အား ဓားဖြင့်ထိုးကာ ပစ္စည်းလုယက်မှုသထုံတွင်ဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ဥယျာဉ်ခြံတစ်ခြံတွင် ဇွန်လ ၁၇ ရက်၊ ည ၇ နာရီ အချိန်ခန့်က ခြံအတွင်း ခေတ္တနားခိုခွင့် ပေးထားသူများက ခြံရှင်အား ဓားဖြင့်ထိုးကာ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေအချို့အား လုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ နောင်ကုလားကျေးရွာနေ ကိုဝင်းဇော် ၄၆ နှစ် (ဘ) ဦးဟံတင် သည် အဆိုပါနေ့ နေ့လယ်ပိုင်းက နောင်ကုလားကျေးရွာ၊ ဂန္ဓမာလမ်းရှိ မင်းဂွတ်ခြံသို့ အသွားတွင် လမ်းထိပ်ဇရပ်၌ အမည်မသိလူငယ် ၃ ဦး ထိုင်နေသည်ကိုတွေ့ရပြီး ၎င်းတို့ ၃ ဦးထဲမှ တစ်ဦးက ဇနီးဖြစ်သူကိုရှာရန် လာသောကြောင့် ခေတ္တနားခိုနိုင်ရန် နေရာအကူအညီတောင်းသဖြင့် ၎င်းပိုင် မင်းဂွတ်ခြံရှိ တဲသို့ ခေါ်ဆောင်ကာ နေရာပေးထားခဲ့ကြောင်း ညပိုင်းတွင် လူငယ် ၃ ဦးအား ခြံထဲ၌ သွားရောက်ကြည့်ရှုပြီး အခြေအနေမေးမြန်းစဉ် ၎င်း လူငယ် ၃ ဦးက အရိုး ၆ လက်မ အသွား၆ လက်မရှိ ဓားဖြင့်ထောက်ကာ ပါလာသော ဆိုင်ကယ်နှင့်ပစ္စည်းများလုယူပြီး လူငယ်တစ်ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားကြောင်း ဓားဖြင့်အထိုးခံရသဖြင့် ကိုဝင်းဇော်တွင် ယာနံကြား ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျော အလယ် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး သထုံခရိုင်ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။ 

ဖြစ်စဉ်တွင် သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဓားဖြင့်ထိုးကာပစ္စည်းလုယူသွားသူများအား စုံစမ်းရှာဖွေရာ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အတွင်း၌ ရဲကို (ခ)ကိုရဲ ၂၃ နှစ် (ဘ) ဦးမြင့်ဦး လှိုင်သာယာနေသူအား သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းအားစစ်ဆေးရာ လုယက်မှု ကျူးလွန်ရာတွင် ၎င်းနှင့်အတူ ပါဝင်သူများမှာ ရဲမြင့် ၃၀ နှစ် လှိုင်သာယာနေသူနှင့် ကျော်ဇင်ဦး ၂၃ နှစ် လှိုင်သာယာနေသူတို့ ဖြစ်ပြီး လုယူသွားသောဆိုင်ကယ်နှင့်အတူ ထွက်ပြေးနေကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးကာ ပစ္စည်းလုယူမှုကျူးလွန်သူ ရဲကို (ခ) ကိုရဲ၊ ရဲမြင့်၊ ကျော်ဇင်ဦးတို့ ၃ ဦးအား သထုံမြို့မရဲစခန်းမှ အမှုဖွင့်ထားပြီး ကျန်ရှိတရားခံများ ဖမ်းဆီးရ မိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သက်ဦး(သထုံ) 

ဖိုးသူတော် (www.phothutaw.com) 
Credit: MOI Webportal Myanmar 
#
See Also :