ေဆး႐ုံေပၚမွာ ေယာကၡမနဲ႔ ဇနီးကို ေသနတ္ျဖင့္ ပစ္သတ္ၿပီး ကိုယ့္ကိုယ္အဆုံးစီရင္



ထိုင္းနိုင္ငံေျမာင္ပိုင္းက နခြန္ဖသြန္ေဆး႐ုံရွိ ဧည့္ခန္းေဆာင္ထဲမွာ ၆ ပတ္အရြယ္ သားငယ္ေလးနဲ႔ ေဆးစစ္ဖို႔ေစာင့္ဆိုင္းေနစဥ္ ခင္ပြန္းျဖစ္သူက ေယာကၡထီးျဖစ္သူနဲ႔ စကားထမ်ားရာမွ ဇနီးသည္ေရာ ေယာကၡထီးကိုပါ ေသနတ္နဲ႔ ပစ္သတ္ၿပီး ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္မွုတစ္ခု လူပုံအလယ္မွာ ျဖစ္ပြားခဲ့သည္။ 
ၿပီးခဲ့တဲ့ ေသာၾကာေန႔က ခ်ရာဖြန္သရာစရီ (၃၁ ႏွစ္) ဆိုသူအမ်ိဳးသားက ဇနီးျဖစ္သူ သန္ရာမက္စ္ (၂၆ ႏွစ္)၊ ေယာကၡထီးျဖစ္သူ ဆမ္ဖန္ (၆၀ ႏွစ္) တို႔နဲ႔အတူ ၆ ပတ္သားအရြယ္ သားငယ္ကို ေခၚကာ ဇနီးသည္ကို ေဆးစစ္ဖို႔ ေဆး႐ုံကို လာခဲ့ၾကတာျဖစ္ပါတယ္။ 

သူတို႔အလွည့္ကို ေစာင့္ဆိုင္းေနရင္း ေယာကၡျဖစ္သူက သားမက္ျဖစ္သူအား အလုပ္လုပ္ဖို႔ ေျပာၾကားရာကေန စကားမ်ားခဲ့ၾကပါတယ္။ ေဒါသထြက္ေနတဲ့ ခ်ရာဖြန္က စိတ္မထိန္းနိုင္ေတာ့ပဲ လူပုံအလယ္မွာ ေဆာင္ထားတဲ့ ေသနတ္ကိုဆြဲထုတ္ၿပီး ေယာကၡမျဖစ္သူရဲ့ ဦးေခါင္းကို ႏွစ္ခ်က္ဆင့္ ပစ္ခဲ့ပါတယ္။ အဲဒီေနာက္ ဇနီးသည္ရဲ့ ရင္ညြန႔္၊ လက္ေမာင္းနဲ႔ ေနာက္ေက်ာတို႔ကို ကေလးေလးေရွ႕မွာပဲ ပစ္ခဲ့ၿပီးေနာက္ သူ႔ကိုယ္သူ ေသနတ္နဲ႔ ျပန္ခ်ိန္ထားပါတယ္။ 

အဲဒီအခ်ိန္မွာ မင္သက္မိေနတဲ့ ေဆး႐ုံကလူေတြဟာ ဝ႐ုန္းသုန္းကား ထြက္ေျပးၾကပါတယ္။ အဲဒီေနာက္ သူ႔ကိုယ့္သူ ပစ္သတ္ၿပီး အဆုံးစီရင္ခဲ့ပါတယ္။ ေဒါသအေလၽွာက္ အစပိုင္းမွာ ပစ္ခတ္ခဲ့မွုေၾကာင့္ လမ္းလြဲခဲ့တဲ့ က်ည္ေတြဟာ အျခားလူႏွစ္ဦးကို ထိမွန္ဒဏ္ရာရခဲ့ပါတယ္။ 

ေဆး႐ုံရဲ့ ဒုတိယထပ္မွာ ျဖစ္ပ်က္ခဲ့ၿပီး အျဖစ္ပ်က္အားလုံး CCTV မွာ ဖမ္းမိခဲ့ပါတယ္။ 
ဇနီးျဖစ္သူ သန္ရာမက္စ္ ဟာ က်န္းမာေရးခ်ိဳ႕တဲ့သူျဖစ္ၿပီး အဆုပ္၊ ေက်ာက္ကပ္နဲ႔ ႏွလုံးေရာဂါေဝဒနာေတြ ခံစားေနရသူျဖစ္ပါတယ္။ 

၂၀၁၄ ခုႏွစ္မွာ အိမ္ ေထာင္ျပဳခဲ့ၾကၿပီး ကေလးေမြးၿပီးေနာက္ပိုင္းမွာ ဆီးျပႆနာ၊ အသက္ရွုလမ္းေၾကာင္း ျပႆနာေတြပါ ထပ္ေဆာင္းခံစားလာရတာျဖစ္ပါတယ္။ 

ေဆး႐ုံေပၚမွာ ေဆးစစ္ဖို႔ ေစာင့္ဆိုင္းေနစဥ္ ေယာကၡထီးျဖစ္သူက သမီးျဖစ္သူ က်န္းမာေရးျပန္ေကာင္းဖို႔အတြက္ သားမက္ျဖစ္သူအား အလုပ္ရွိဖို႔ လိုအပ္ေၾကာင္း ေျပာၾကရာမွ အျဖစ္ဆိုးၾကဳံခဲ့ရျခင္းျဖစ္သည္။ 


ဖိုးသူေတာ္ (www.phothutaw.com) 
Credit: popolay 
Unicode
ဆေးရုံပေါ်မှာ ယောက္ခမနဲ့ ဇနီးကို သေနတ်ဖြင့် ပစ်သတ်ပြီး ကိုယ့်ကိုယ်အဆုံးစီရင်
  
ထိုင်းနိုင်ငံမြောင်ပိုင်းက နခွန်ဖသွန်ဆေးရုံရှိ ဧည့်ခန်းဆောင်ထဲမှာ ၆ ပတ်အရွယ် သားငယ်လေးနဲ့ ဆေးစစ်ဖို့စောင့်ဆိုင်းနေစဉ် ခင်ပွန်းဖြစ်သူက ယောက္ခထီးဖြစ်သူနဲ့ စကားထများရာမှ ဇနီးသည်ရော ယောက္ခထီးကိုပါ သေနတ်နဲ့ ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတစ်ခု လူပုံအလယ်မှာ ဖြစ်ပွားခဲ့သည်။ 
ပြီးခဲ့တဲ့ သောကြာနေ့က ချရာဖွန်သရာစရီ (၃၁ နှစ်) ဆိုသူအမျိုးသားက ဇနီးဖြစ်သူ သန်ရာမက်စ် (၂၆ နှစ်)၊ ယောက္ခထီးဖြစ်သူ ဆမ်ဖန် (၆၀ နှစ်) တို့နဲ့အတူ ၆ ပတ်သားအရွယ် သားငယ်ကို ခေါ်ကာ ဇနီးသည်ကို ဆေးစစ်ဖို့ ဆေးရုံကို လာခဲ့ကြတာဖြစ်ပါတယ်။ 

သူတို့အလှည့်ကို စောင့်ဆိုင်းနေရင်း ယောက္ခဖြစ်သူက သားမက်ဖြစ်သူအား အလုပ်လုပ်ဖို့ ပြောကြားရာကနေ စကားများခဲ့ကြပါတယ်။ ဒေါသထွက်နေတဲ့ ချရာဖွန်က စိတ်မထိန်းနိုင်တော့ပဲ လူပုံအလယ်မှာ ဆောင်ထားတဲ့ သေနတ်ကိုဆွဲထုတ်ပြီး ယောက္ခမဖြစ်သူရဲ့ ဦးခေါင်းကို နှစ်ချက်ဆင့် ပစ်ခဲ့ပါတယ်။ အဲဒီနောက် ဇနီးသည်ရဲ့ ရင်ညွန့်၊ လက်မောင်းနဲ့ နောက်ကျောတို့ကို ကလေးလေးရှေ့မှာပဲ ပစ်ခဲ့ပြီးနောက် သူ့ကိုယ်သူ သေနတ်နဲ့ ပြန်ချိန်ထားပါတယ်။ 

အဲဒီအချိန်မှာ မင်သက်မိနေတဲ့ ဆေးရုံကလူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးကြပါတယ်။ အဲဒီနောက် သူ့ကိုယ့်သူ ပစ်သတ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ဒေါသအလျှောက် အစပိုင်းမှာ ပစ်ခတ်ခဲ့မှုကြောင့် လမ်းလွဲခဲ့တဲ့ ကျည်တွေဟာ အခြားလူနှစ်ဦးကို ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ 

ဆေးရုံရဲ့ ဒုတိယထပ်မှာ ဖြစ်ပျက်ခဲ့ပြီး အဖြစ်ပျက်အားလုံး CCTV မှာ ဖမ်းမိခဲ့ပါတယ်။ 
ဇနီးဖြစ်သူ သန်ရာမက်စ် ဟာ ကျန်းမာရေးချို့တဲ့သူဖြစ်ပြီး အဆုပ်၊ ကျောက်ကပ်နဲ့ နှလုံးရောဂါဝေဒနာတွေ ခံစားနေရသူဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်မှာ အိမ် ထောင်ပြုခဲ့ကြပြီး ကလေးမွေးပြီးနောက်ပိုင်းမှာ ဆီးပြဿနာ၊ အသက်ရှုလမ်းကြောင်း ပြဿနာတွေပါ ထပ်ဆောင်းခံစားလာရတာဖြစ်ပါတယ်။ 

ဆေးရုံပေါ်မှာ ဆေးစစ်ဖို့ စောင့်ဆိုင်းနေစဉ် ယောက္ခထီးဖြစ်သူက သမီးဖြစ်သူ ကျန်းမာရေးပြန်ကောင်းဖို့အတွက် သားမက်ဖြစ်သူအား အလုပ်ရှိဖို့ လိုအပ်ကြောင်း ပြောကြရာမှ အဖြစ်ဆိုးကြုံခဲ့ရခြင်းဖြစ်သည်။ 


ဖိုးသူတော် (www.phothutaw.com) 
Credit: popolay 


See Also :