မူးယစ္ေဆးဝါးသယ္ေဆာင္လာသည့္ ဘဂၤါလီ ၄ ဦးကို နတ္ျမစ္အတြင္းဖမ္းမိ


မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္လာသည့္ ဘဂၤါလီလူမ်ိဳး ၄ ဦးကို ဇြန္လ ၂၂ ရက္ေန႔တြင္ ေမာင္ေတာၿမိဳ႕နယ္ ေ႐ႊစားေက်း႐ြာအနီး နစ္ျမစ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားမွ လွည့္ကင္းေဆာင္႐ြက္ေနစဥ္ ျမန္မာဘက္မွ ဘဂၤလားေဒ့႐ွ္ဘက္သို႔ ေလွာ္ခတ္ ေနသည့္ေလွတစ္စီးအား သကၤာမကင္း၍အခ်က္ျပေခၚယူခဲ့ရာ၌ ေလွေပၚပါလာသူမ်ားေရထဲခုန္ခ် ထြက္ေျပး သည့္အတြက္ လိုက္လံဖမ္းဆီးခဲ့ရာ ဘဂၤါလီလူမ်ိဳး ၄ ဦးအားဖမ္းမိခဲ့ေၾကာင္း သိရသည္။ 

အဆိုပါ ဘဂၤါလီမ်ားစီးနင္းလာသည့္ေလွေပၚတြင္ ပုဆိုးႏွင့္ထုတ္ပို႔ထားသည့္ မူးယစ္ေဆးဝါးအထုတ္တစ္ထုတ္ သိမ္းဆည္းရမိခဲ့ၿပီး ထိုအထုတ္ထဲတြင္ စိတ္ၾကြေဆးျပားတစ္ေသာင္းခန္႔ပါဝင္ၿပီး ကာလတန္ဖိုးက်ပ္သိန္း ၂၀၀ ခန္႔႐ွိေၾကာင္းႏွင့္ သိမ္းဆည္းမူးယစ္ေဆးဝါးမ်ားကို အမွတ္(၄၆) မူးယစ္တပ္ဖြဲ႕စုသို႔ လႊဲေျပာင္းေပးအပ္ ထားေၾကာင္း သိရသည္။ 

မူးယစ္ေဆးဝါးသယ္ေဆာင္လာသည့္ ဘဂၤါလီမ်ားမွာ ေမာင္ေတာၿမိဳ႕နယ္ ျပင္ဇီေက်း႐ြာႏွင့္ ေမာင္နီေက်း႐ြာတို႔မွ ျဖစ္ၿပီး အဒူမိုနာ၊ မာမတ္အီလီယက္၊ ေနာ္႐ူေ႐ွာ္ဘီႏွင့္ အာဂ်ီဇူေလာင္တို႔ျဖစ္ေၾကာင္းသိရၿပီး ၎တို႔ကို မူး/ယစ္ ဥပေဒျဖင့္အမႈဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္းႏွင့္ မူးယစ္ေဆးဝါး ကြင္းဆက္တရားခံမ်ားကိုလည္း ဆက္လက္ ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း မူးယစ္တပ္ဖြဲ႕ ၄၆ မွသိရသည္။ 

သတင္း၊ ဓါတ္ပံု - ခ်လူးေအာင္၊ DMG 
Development Media Group 
https://www.facebook.com/dmgnewsagency
Unicode



မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် ဘင်္ဂါလီလူမျိုး ၄ ဦးကို ဇွန်လ ၂၂ ရက်နေ့တွင် မောင်တောမြို့နယ် ရွှေစားကျေးရွာအနီး နစ်မြစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လှည့်ကင်းဆောင်ရွက်နေစဉ် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လှော်ခတ် နေသည့်လှေတစ်စီးအား သင်္ကာမကင်း၍အချက်ပြခေါ်ယူခဲ့ရာ၌ လှေပေါ်ပါလာသူများရေထဲခုန်ချ ထွက်ပြေး သည့်အတွက် လိုက်လံဖမ်းဆီးခဲ့ရာ ဘင်္ဂါလီလူမျိုး ၄ ဦးအားဖမ်းမိခဲ့ကြောင်း သိရသည်။ 



အဆိုပါ ဘင်္ဂါလီများစီးနင်းလာသည့်လှေပေါ်တွင် ပုဆိုးနှင့်ထုတ်ပို့ထားသည့် မူးယစ်ဆေးဝါးအထုတ်တစ်ထုတ် သိမ်းဆည်းရမိခဲ့ပြီး ထိုအထုတ်ထဲတွင် စိတ်ကြွဆေးပြားတစ်သောင်းခန့်ပါဝင်ပြီး ကာလတန်ဖိုးကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်းနှင့် သိမ်းဆည်းမူးယစ်ဆေးဝါးများကို အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းပေးအပ် ထားကြောင်း သိရသည်။ 


မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ဘင်္ဂါလီများမှာ မောင်တောမြို့နယ် ပြင်ဇီကျေးရွာနှင့် မောင်နီကျေးရွာတို့မှ ဖြစ်ပြီး အဒူမိုနာ၊ မာမတ်အီလီယက်၊ နော်ရူရှော်ဘီနှင့် အာဂျီဇူလောင်တို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့ကို မူး/ယစ် ဥပဒေဖြင့်အမှုဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ကွင်းဆက်တရားခံများကိုလည်း ဆက်လက် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့ ၄၆ မှသိရသည်။ 


သတင်း၊ ဓါတ်ပုံ - ချလူးအောင်၊ DMG 

Development Media Group 

https://www.facebook.com/dmgnewsagency

See Also :