မႏၲေလးၿမိဳ႕၊ ေရစစ္ကန္ ကန္​ေဘာင္ေဘးတြင္ လူတစ္ဦး ပုပ္ပြ ေသဆုံးေန

( Photo: TTA- Rescue)
Zawgyi
ဇြန္​လ(၂၀)ရက္ေန႔ ၁၀၀၀ အခ်ိန္ခန႔္က မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အႏွိပ္ေတာ္ရပ္ကြက္၊ ၂၂×၂၃ လမ္းၾကား၊ ၅၉×၆၀ လမ္းၾကား၊ အကြက္(၁၂/က)ရွိ ေရစစ္ကန္ ကန္​​ေဘာင္ေဘးတြင္ လူတစ္ဦး ေသဆုံးေနေၾကာင္း သတင္းရရွိ၍ အမွတ္(၁)နယ္ေျမရဲစခန္းမွ တာဝန္မွဴး ဒုရဲအုပ္ 
တင္ေဇာ္ဝင္းႏွင့္ အဖြဲ႕၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးအဖြဲ႕မ်ားက သြားေရာက္စစ္ေဆးၾကည့္ခဲ့ရာ သဆုံးသူမွာ ေဇာ္ဝင္းလွိုင္(ခ)ဖိုးလုံး၊ (ဘ)ဦးစိုးမိုး၊ အသက္(၂၉)ႏွစ္၊ယာဥ္ေမာင္း၊ အကြက္(၁၂/က)၊ အႏွိပ္ေတာ္ရပ္ကြက္ေနသူျဖစ္ ေၾကာင္းသိရွိရၿပီး နာမႈကူညီေရးအသင္းကားျဖင့္ ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ခ႔ဲသည္။ 


အဆိုပါေသဆံုးမွဳႏွင့္ ပတ္သက္၍ ေအာင္ေျမသာစံၿမိဳ႕နယ္အမွတ္(၁)ရဲစခန္းမွ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ ဆက္လက္စစ္ေဆးလ်ွက္​ရွိ​ေၾကာင္​း သိရသည္။ 

( Ah Lin Nge ) 
The Mandalay News Journal 
Unicode
မန္တလေးမြို့၊ ရေစစ်ကန် ကန်ဘောင်ဘေးတွင် လူတစ်ဦး ပုပ်ပွ သေဆုံးနေ


ဇွန်လ(၂၀)ရက်နေ့ ၁၀၀၀ အချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၂×၂၃ လမ်းကြား၊ ၅၉×၆၀ လမ်းကြား၊ အကွက်(၁၂/က)ရှိ ရေစစ်ကန် ကန်ဘောင်ဘေးတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိ၍ အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် 

တင်ဇော်ဝင်းနှင့် အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များက သွားရောက်စစ်ဆေးကြည့်ခဲ့ရာ သဆုံးသူမှာ ဇော်ဝင်းလှိုင်(ခ)ဖိုးလုံး၊ (ဘ)ဦးစိုးမိုး၊ အသက်(၂၉)နှစ်၊ယာဉ်မောင်း၊ အကွက်(၁၂/က)၊ အနှိပ်တော်ရပ်ကွက်နေသူဖြစ် ကြောင်းသိရှိရပြီး နာမှုကူညီရေးအသင်းကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ 


အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ်အမှတ်(၁)ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။ 


( Ah Lin Nge ) 

The Mandalay News Journal 

See Also :