၁၃ ႏွစ္အရြယ္အမ်ိဳးသမီးငယ္တစ္ဦး ကိုယ္ဝန္ရၿပီးေနာက္ ဖခင္ျဖစ္သူကို မုဒိမ္းမႈျဖင့္ အမႈဖြင့္ထား

2 minute read
သမီးအရင္းျဖစ္သူအား သားမယားျပဳက်င့္ခဲ့သည္ဟု အမႈဖြင့္ခံထားရသူမွာ အသက္ ၃၇ ႏွစ္အရြယ္ခန္႔ရွိသည့္ သိန္းေဇာ္ဝင္းဆိုသူျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု-ဆြာနယ္ေျမရဲစခန္း။

 Zawgyi

ရန္ကုန္၊ ဇြန္လ ၂၁ ။            ။ ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ဆြာၿမိဳ႕ေျမာက္ပိုင္းရွိ ရွမ္းရြာတြင္ အသက္ ၁၃ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္တစ္ဦး ကိုယ္ဝန္ရွိေနေၾကာင္း စစ္ေဆးေတြ႔ရွိၿပီးေနာက္ ၄င္း၏ ဖခင္ျဖစ္သူကို မုဒိမ္းမႈျဖင့္ အမႈဖြင့္ထား ေၾကာင္း  ဆြာနယ္ေျမရဲစခန္းမွ အတည္ျပဳသည္။

သမီးအရင္းျဖစ္သူအား သားမယားျပဳက်င့္ခဲ့သည္ဟု အမႈဖြင့္ခံထားရသူမွာ  အသက္ ၃၇ ႏွစ္အရြယ္ခန္႔ရွိသည့္ သိန္းေဇာ္ဝင္းဆိုသူျဖစ္ေၾကာင္း သိရသည္။

သိန္းေဇာ္ဝင္းမွာ  ဇနီးျဖစ္သူႏွင့္ ကြာရွင္းထားသည္မွာ  ၁ ႏွစ္ခြဲခန္႔ရွိၿပီးျဖစ္ေၾကာင္း၊ ေနအိမ္ တြင္ သမီးျဖစ္သူႏွင့္ ႏွစ္ဦးတည္းသာ ေနထိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ေကာင္မေလး အေျခအေနက တစ္မ်ိဳးျဖစ္လို႔  ကိုယ္ဝန္ရွိ တယ္လို႔ သူတို႔ အိမ္နီးနားခ်င္းေတြရဲ႕ေျပာျပခ်က္အရေပါ့။ ေဆးစစ္ခိုင္းတယ္။ ေဆးစစ္ၾကည့္ရာ ကေနၿပီးေတာ့ ႏွစ္ေၾကာင္းေပၚတယ္ေပါ့ဗ်ာ။ အဲ့ဒီလိုမ်ိဳးေပါ့။ အဲ့ဒါေၾကာင့္မို႔ အဲ့ဒီရပ္ကြက္က ရပ္ကြက္လူႀကီး ေတြကပဲ တရားလို ျပဳလုပ္ၿပီးေတာ့ အမႈဖြင့္လိုက္တာေပါ့ ”ဟု ယေန႔ ဇြန္လ ၂၁ ရက္တြင္ ဆြာနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ျမလြင္ဦးက ေျပာသည္။

အဆိုပါ အမႈႏွင့္ ပတ္သက္ၿပီး ရွမ္းရြာမွ ရပ္ကြက္လူႀကီးမ်ားက တရားလိုျပဳလုပ္တိုင္တန္းခ်က္အရ အသက္ ၃၇ ႏွစ္အရြယ္ သိန္းေဇာ္ဝင္း ဆိုသူကို ဆြာနယ္ေျမရဲစခန္းတြင္ (ပ) ၈၈/၂ဝ၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃၇၆ ျဖင့္ ဇြန္လ ၁၉ ရက္ေန႔ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

See Also :

သိန္းေဇာ္ဝင္းဆိုသူကို လက္ရွိတြင္ ဆြာနယ္ေျမရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားသည္။

 ၎အားအမႈဖြင့္ထားသည့္ ပုဒ္မ- ၃၇၆ မွာ မုဒိမ္းမႈအတြက္ ပုဒ္မျဖစ္ၿပီး မုဒိမ္းမႈက်ဴးလြန္သူအား အျမင့္ ဆံုးျပစ္ဒဏ္ တစ္သက္ တကၽြန္းျဖစ္ေစ၊  ၁ဝ ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ႏိုင္ေသာ ပုဒ္မတစ္ခုျဖစ္သည္။

Unicode
သမီးအရင်းဖြစ်သူအား သားမယားပြုကျင့်ခဲ့သည်ဟု အမှုဖွင့်ခံထားရသူမှာ အသက် ၃၇ နှစ်အရွယ်ခန့်ရှိသည့် သိန်းဇော်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ဆွာနယ်မြေရဲစခန်း။
 

ရန်ကုန်၊ ဇွန်လ ၂၁ ။            ။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မြောက်ပိုင်းရှိ ရှမ်းရွာတွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ၎င်း၏ ဖခင်ဖြစ်သူကို မုဒိမ်းမှုဖြင့် အမှုဖွင့်ထား ကြောင်း  ဆွာနယ်မြေရဲစခန်းမှ အတည်ပြုသည်။

သမီးအရင်းဖြစ်သူအား သားမယားပြုကျင့်ခဲ့သည်ဟု အမှုဖွင့်ခံထားရသူမှာ  အသက် ၃၇ နှစ်အရွယ်ခန့်ရှိသည့် သိန်းဇော်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

သိန်းဇော်ဝင်းမှာ  ဇနီးဖြစ်သူနှင့် ကွာရှင်းထားသည်မှာ  ၁ နှစ်ခွဲခန့်ရှိပြီးဖြစ်ကြောင်း၊ နေအိမ် တွင် သမီးဖြစ်သူနှင့် နှစ်ဦးတည်းသာ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ ကောင်မလေး အခြေအနေက တစ်မျိုးဖြစ်လို့  ကိုယ်ဝန်ရှိ တယ်လို့ သူတို့ အိမ်နီးနားချင်းတွေရဲ့ပြောပြချက်အရပေါ့။ ဆေးစစ်ခိုင်းတယ်။ ဆေးစစ်ကြည့်ရာ ကနေပြီးတော့ နှစ်ကြောင်းပေါ်တယ်ပေါ့ဗျာ။ အဲ့ဒီလိုမျိုးပေါ့။ အဲ့ဒါကြောင့်မို့ အဲ့ဒီရပ်ကွက်က ရပ်ကွက်လူကြီး တွေကပဲ တရားလို ပြုလုပ်ပြီးတော့ အမှုဖွင့်လိုက်တာပေါ့ ”ဟု ယနေ့ ဇွန်လ ၂၁ ရက်တွင် ဆွာနယ်မြေရဲစခန်းမှ ဒုရဲအုပ် မြလွင်ဦးက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရှမ်းရွာမှ ရပ်ကွက်လူကြီးများက တရားလိုပြုလုပ်တိုင်တန်းချက်အရ အသက် ၃၇ နှစ်အရွယ် သိန်းဇော်ဝင်း ဆိုသူကို ဆွာနယ်မြေရဲစခန်းတွင် (ပ) ၈၈/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ ဖြင့် ဇွန်လ ၁၉ ရက်နေ့ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သိန်းဇော်ဝင်းဆိုသူကို လက်ရှိတွင် ဆွာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

 ၎င်းအားအမှုဖွင့်ထားသည့် ပုဒ်မ- ၃၇၆ မှာ မုဒိမ်းမှုအတွက် ပုဒ်မဖြစ်ပြီး မုဒိမ်းမှုကျူးလွန်သူအား အမြင့် ဆုံးပြစ်ဒဏ် တစ်သက် တကျွန်းဖြစ်စေ၊  ၁ဝ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။

Ad Blocker Detected :(

Please consider supporting us by disabling your ad blocker.

Please Disable your adblocker and Refresh the page to view the site content.