ေက်ာက္ျဖဴၿမိဳ႕ ေတာင္ရင္းေက်းရြာအုပ္စုတြင္ ဇြန္လ ၁၄ ရက္ ညေန ၅ နာရီအခ်ိန္တြင္ အမွတ္ ၁ အေျခခံပညာအထက္တန္းေက်ာင္း၌ န၀မတန္း တက္ေရာက္ေနေသာညီျဖစ္သူကုိ ေက်ာင္းႀကိဳၿပီးျပန္လာေသာ အစ္ကုိအား လူငယ္ေလးဦးမွ ဓားဦးခၽြန္ျဖင့္ ထုိးသတ္၍ အစ္ကုိျဖစ္သူ ခ်စ္မင္းႏုိင္ေသဆုံးသြားေၾကာင္းသိရသည္။ 

ေသဆုံးမႈျဖစ္စဥ္မွာ ေသဆုံးသူ၏ ညီျဖစ္သူစုိးမင္းေထြးႏွင့္ တစ္ေက်ာင္းတည္းေန န၀မတန္း ေက်ာင္းသား စုိးလင္းေထြးတုိ႔ ေက်ာင္းတြင္ စကားမ်ားရန္ျဖစ္သည္ကုိ စုိးလင္းေထြးက မေက်နပ္ သျဖင့္ အရပ္သားေနထူးႏုိင္(ခ) ခ်မ္းေျမ့ကုိ၊ မ်ိဳးေက်ာ္(ခ) အာၿပဲ၊ ေအာင္ၿဖိဳး(ခ) ျပည့္ၿဖိဳးေအာင္တုိ႔ႏွင့္ အတူ လမ္းတြင္ေစာင့္ဆုိင္ၿပီး ေနထူးႏုိင္(ခ) ခ်မ္းေျမ့ကုိႏွင့္ မ်ိဳးေက်ာ္(ခ) အာၿပဲတုိ႔က ဓားျဖင့္ထုိး သတ္ခဲ့ရာ ယာႏုိ႔အုံထုိးသြင္းဒဏ္ရာတစ္ခ်က္၊ ယာဘက္နံထုိးသြင္းဒဏ္ရာ တစ္ခ်က္ျဖင့္ ေသဆုံးသြား ေၾကာင္းသိရသည္။ 

အဆုိပါေသဆုံးမႈအား ေက်ာက္ျဖဴၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္ၿပီး တရားခံမ်ားအားေဖာ္ထုတ္ဖမ္းဆီးႏုိင္ေရး အပူတျပင္းေဆာင္ရြက္ခဲ့ရာ နာရီပုိင္းအတြင္း တရားခံမ်ားကုိ ညေန ၇ နာရီ ၅၀ မိနစ္တြင္ ၎တုိ႔ေနအိမ္၌ ဖမ္းဆီးေဖာ္ထုတ္ ရမိခဲ့ေၾကာင္း သိရသည္။ 

တင္ထြန္း(ျပန္/ဆက္) 
Unicode
စစ်တွေ ဇွန် ၁၅ 

ကျောက်ဖြူမြို့ တောင်ရင်းကျေးရွာအုပ်စုတွင် ဇွန်လ ၁၄ ရက် ညနေ ၅ နာရီအချိန်တွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ နဝမတန်း တက်ရောက်နေသောညီဖြစ်သူကို ကျောင်းကြိုပြီးပြန်လာသော အစ်ကိုအား လူငယ်လေးဦးမှ ဓားဦးချွန်ဖြင့် ထိုးသတ်၍ အစ်ကိုဖြစ်သူ ချစ်မင်းနိုင်သေဆုံးသွားကြောင်းသိရသည်။ 

သေဆုံးမှုဖြစ်စဉ်မှာ သေဆုံးသူ၏ ညီဖြစ်သူစိုးမင်းထွေးနှင့် တစ်ကျောင်းတည်းနေ နဝမတန်း ကျောင်းသား စိုးလင်းထွေးတို့ ကျောင်းတွင် စကားများရန်ဖြစ်သည်ကို စိုးလင်းထွေးက မကျေနပ် သဖြင့် အရပ်သားနေထူးနိုင်(ခ) ချမ်းမြေ့ကို၊ မျိုးကျော်(ခ) အာပြဲ၊ အောင်ဖြိုး(ခ) ပြည့်ဖြိုးအောင်တို့နှင့် အတူ လမ်းတွင်စောင့်ဆိုင်ပြီး နေထူးနိုင်(ခ) ချမ်းမြေ့ကိုနှင့် မျိုးကျော်(ခ) အာပြဲတို့က ဓားဖြင့်ထိုး သတ်ခဲ့ရာ ယာနို့အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်နံထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးသွား ကြောင်းသိရသည်။ 

အဆိုပါသေဆုံးမှုအား ကျောက်ဖြူမြို့ မြို့မရဲစခန်းမှ အမှုဖွင့်ပြီး တရားခံများအားဖော်ထုတ်ဖမ်းဆီးနိုင်ရေး အပူတပြင်းဆောင်ရွက်ခဲ့ရာ နာရီပိုင်းအတွင်း တရားခံများကို ညနေ ၇ နာရီ ၅၀ မိနစ်တွင် ၎င်းတို့နေအိမ်၌ ဖမ်းဆီးဖော်ထုတ် ရမိခဲ့ကြောင်း သိရသည်။ 

တင်ထွန်း(ပြန်/ဆက်) 
Crd