အျငင္းပြားဖြယ္ ေခြးသားစားပြဲေတာ္ကုိ တ႐ုတ္မွာ အစဥ္အလာမပ်က္ က်င္းပ

ႏွစ္စဥ္ က်င္းပေနက်ျဖစ္တဲ့ ယြီလင္း ေခြးသားစားပြဲေတာ္ကို ဇြန္လ ၂၁ ရက္က အဟန္႔အတား တစ္စံုတစ္ရာမရွိဘဲ ဖြင့္လွစ္ခဲ့ပါတယ္။

 

ဇြန္ ၂၂ ။      ။ ေခြးသားစားျခင္းကုိ ပိတ္ပင္တားျမစ္ဖို႔ ေတာင္ကိုရီးယားႏိုင္ငံမွာ လက္တေလာ အင္တုိက္အားတုိက္ လႈပ္ရွားလာေနစဥ္မွာပဲ တ႐ုတ္ေတာင္ပိုင္းမွာေတာ့ က်င္းပေနက် ေခြးသားစားပြဲေတာ္ကုိ ယခုႏွစ္မွာလည္း အစဥ္အလာမပ်က္ က်င္းပခဲ့ျပန္ပါတယ္။

ႏွစ္စဥ္ က်င္းပေနက်ျဖစ္တဲ့ ယြီလင္း ေခြးသားစားပြဲေတာ္ကို ဇြန္လ  ၂၁ ရက္က အဟန္႔အတား တစ္စံုတစ္ရာမရွိဘဲ ဖြင့္လွစ္ခဲ့ပါတယ္။

ဒါေၾကာင့္ နာမည္ဆိုးထြက္ေနတဲ့ ယင္းပြဲေတာ္ကို တားဆီးႏိုင္ေရးအလို႔ငွာ တက္ၾကြလႈပ္ရွားသူေတြအေနနဲ႔ နည္းနာစနစ္ေတြ ေျပာင္းလဲလႈပ္ရွားသြားရဖုိ႔ ရွိေနၿပီ ျဖစ္ပါတယ္။

ယခုလို တ႐ုတ္ေခြးသားစားပြဲေတာ္ ဖြင့္လွစ္မႈ မတုိင္မီ တစ္ရက္အလိုကမွ ေတာင္ကိုရီးယားႏိုင္ငံမွာ တရား႐ံုးတစ္ခုက ယင္းေခြးသားစားျခင္းကို ဥပေဒနဲ႔ မညီဘူးဆိုၿပီး အမိန္႔ထုတ္ျပန္ထားခဲ့ေသးတာျဖစ္ပါတယ္။

ယခုလို အမိန္႔ထုတ္ျပန္ညႊန္ၾကားလိုက္ျခင္းက ေတာင္ကိုရီးယားမွာ ေခြးသားစားျခင္း အေလ့အက်င့္ကုိ တားဆီးႏိုင္မယ့္ လမ္းေၾကာင္းတစ္ရပ္ ေပၚလာၿပီ ျဖစ္တယ္လို႔ တက္ၾကြလႈပ္ရွားသူေတြက ဆုိၾကေပမယ့္ တ႐ုတ္မွာေတာ့ ယင္း ေခြးသားစားမႈကို တားဆီးႏိုင္ဖို႔အတြက္ ခက္ခဲေနဦးမယ္လို႔ သိရပါတယ္။

 Unicode

နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ယွီလင်း ခွေးသားစားပွဲတော်ကို ဇွန်လ ၂၁ ရက်က အဟန့်အတား တစ်စုံတစ်ရာမရှိဘဲ ဖွင့်လှစ်ခဲ့ပါတယ်။


 


ဇွန် ၂၂ ။      ။ ခွေးသားစားခြင်းကို ပိတ်ပင်တားမြစ်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ လက်တလော အင်တိုက်အားတိုက် လှုပ်ရှားလာနေစဉ်မှာပဲ တရုတ်တောင်ပိုင်းမှာတော့ ကျင်းပနေကျ ခွေးသားစားပွဲတော်ကို ယခုနှစ်မှာလည်း အစဉ်အလာမပျက် ကျင်းပခဲ့ပြန်ပါတယ်။


နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ယွီလင်း ခွေးသားစားပွဲတော်ကို ဇွန်လ  ၂၁ ရက်က အဟန့်အတား တစ်စုံတစ်ရာမရှိဘဲ ဖွင့်လှစ်ခဲ့ပါတယ်။


ဒါကြောင့် နာမည်ဆိုးထွက်နေတဲ့ ယင်းပွဲတော်ကို တားဆီးနိုင်ရေးအလို့ငှာ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းနာစနစ်တွေ ပြောင်းလဲလှုပ်ရှားသွားရဖို့ ရှိနေပြီ ဖြစ်ပါတယ်။


ယခုလို တရုတ်ခွေးသားစားပွဲတော် ဖွင့်လှစ်မှု မတိုင်မီ တစ်ရက်အလိုကမှ တောင်ကိုရီးယားနိုင်ငံမှာ တရားရုံးတစ်ခုက ယင်းခွေးသားစားခြင်းကို ဥပဒေနဲ့ မညီဘူးဆိုပြီး အမိန့်ထုတ်ပြန်ထားခဲ့သေးတာဖြစ်ပါတယ်။


ယခုလို အမိန့်ထုတ်ပြန်ညွှန်ကြားလိုက်ခြင်းက တောင်ကိုရီးယားမှာ ခွေးသားစားခြင်း အလေ့အကျင့်ကို တားဆီးနိုင်မယ့် လမ်းကြောင်းတစ်ရပ် ပေါ်လာပြီ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုကြပေမယ့် တရုတ်မှာတော့ ယင်း ခွေးသားစားမှုကို တားဆီးနိုင်ဖို့အတွက် ခက်ခဲနေဦးမယ်လို့ သိရပါတယ်။

 

See Also :