မအီ သုံးေလာင္ၿပိဳင္လူသတ္မႈ သံသယရွိသူကုိ ရဲတပ္ဖြဲ႕မွ မဖမ္းဆီးႏိုင္ေသး

2 minute read

ဇြန္လ (၂၀) ရက္၊ ၂၀၁၈ ခုႏွစ္။  သံတြဲခရုိင္ မအီၿမိဳ႕တြင္ ဇြန္လ ၄ ရက္ေန႔ကျဖစ္ပြားခ့ဲေသာ ၃ ေလာင္းၿပိဳင္လူသတ္မႈျဖင့္ သံသယရွိ၍ တရားခံအျဖစ္သတ္မွတ္ထားသည့္ ဦးခင္ေမာင္ေအးအား ရဲတပ္ဖြဲ႕မွ ယေန႔အခ်ိန္ထိ ဖမ္းဆီးႏုိင္ျခင္းမရွိေသးေၾကာင္း သိရသည္။ 

သံသယတရားခံ ဦးခင္ေမာင္ေအးသည္ အခင္းျဖစ္ပြားသည့္ေန႔မွစ၍ ထြက္ေျပးတိမ္းေရွာင္ေနၿပီး နယ္ေျမကၽြမ္းက်င္သည္ဟုဆုိကာ ဖမ္းဆီးႏုိင္ျခင္းမရွိေသးေၾကာင္း သံတြဲခရုိင္ရဲတပ္ဖြဲ႕မွဴးရုံးမွ ဒုခရုိင္မွဴး တင္ေမာင္စုိးက ေျပာသည္။ 


'' လူသတ္မႈက်ဴးလြန္သူက နယ္ေျမနဲ႔ ေတာကၽြမ္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ ဖမ္းရခက္ေနတယ္။ '' ဟု ေျပာသည္။ 

ဦးခင္ေမာင္ေအးကုိ အျမန္ဆုံးဖမ္းဆီးစစ္ေဆးႏုိင္ေရအတြက္ သံတြဲခရုိင္ရဲတပ္ဖြဲ႕မွ အဖြဲ႕ႏွစ္ခုခြဲကာ ရွာေဖြေနေၾကာင္း မအီၿမိဳ႕မရဲစခန္းမွဴး ရဲအုပ္ေက်ာ္ခုိင္က ေျပာသည္။ 

သံုးေလာင္းၿပိဳင္ လူသတ္မႈက်ဴးလြန္သူဟု သံသယရွိသူမွာ ကိုခင္ေမာင္ေအး (အသက္ ၂၆ ႏွစ္) ျဖစ္ၿပီး ၄င္း၏ ဇနီးႏွင့္ ဇနီး၏ဖခင္၊ မိခင္တုိ႔ကုိ တၿပိဳင္တည္းသတ္ခ့ဲသည္ဟု ရဲစခန္းမွတ္တမ္းမ်ားအရ သိရသည္။ 

ဦးခင္ေမာင္ေအးသည္ ဇနီးသည္ကုိ ေယာကၡမေနအိမ္မွ ဆြဲေခၚယူရာတြင္ ေယာကၡမ ဦးေရႊေအးေမာင္ႏွင့္ ေဒၚမခင္သန္းတုိ႔က ၀င္ေရာက္ဟန္႔တားသျဖင့္ ေယာကၡမလင္မယားကိုသတ္ျဖတ္ၿပီး ဇနီးကိုပါ ထပ္မံသတ္ျဖတ္ခဲ့ေၾကာင္း မအီၿမိဳ႕မရဲစခန္းက သိရသည္။ 

သံသယတရားခံ ဦးခင္ေမာင္ေအးကုိ လူသတ္မႈျဖင့္ ပုဒ္မ ၃၀၂ ျဖင့္ တရားစြဲဆုိထားၿပီး ေတြ႕ရွိလွ်င္ နီးစပ္ရာ ရဲစခန္းသုိ႔ သတင္းေပးတိုင္ၾကားႏိုင္အတြက္ ၄င္း၏ ဓာတ္ပံုႏွင့္ သံတြဲခရိုင္ရဲတပ္ဖြဲ႕ ဝရမ္းထုတ္ထားေၾကာင္း သိရသည္။ 

မ်ိဳးျမင့္ေဇာ္ 
Development Media Group 
http://www.dmediag.com/
Unicode

ဇွန်လ (၂၀) ရက်၊ ၂၀၁၈ ခုနှစ်။  သံတွဲခရိုင် မအီမြို့တွင် ဇွန်လ ၄ ရက်နေ့ကဖြစ်ပွားခဲ့သော ၃ လောင်းပြိုင်လူသတ်မှုဖြင့် သံသယရှိ၍ တရားခံအဖြစ်သတ်မှတ်ထားသည့် ဦးခင်မောင်အေးအား ရဲတပ်ဖွဲ့မှ ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 


သံသယတရားခံ ဦးခင်မောင်အေးသည် အခင်းဖြစ်ပွားသည့်နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေပြီး နယ်မြေကျွမ်းကျင်သည်ဟုဆိုကာ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုခရိုင်မှူး တင်မောင်စိုးက ပြောသည်။ 


'' လူသတ်မှုကျူးလွန်သူက နယ်မြေနဲ့ တောကျွမ်းသူတစ်ယောက်ဖြစ်တာကြောင့် ဖမ်းရခက်နေတယ်။ '' ဟု ပြောသည်။ 


See Also :

ဦးခင်မောင်အေးကို အမြန်ဆုံးဖမ်းဆီးစစ်ဆေးနိုင်ရေအတွက် သံတွဲခရိုင်ရဲတပ်ဖွဲ့မှ အဖွဲ့နှစ်ခုခွဲကာ ရှာဖွေနေကြောင်း မအီမြို့မရဲစခန်းမှူး ရဲအုပ်ကျော်ခိုင်က ပြောသည်။ 


သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူဟု သံသယရှိသူမှာ ကိုခင်မောင်အေး (အသက် ၂၆ နှစ်) ဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ဇနီး၏ဖခင်၊ မိခင်တို့ကို တပြိုင်တည်းသတ်ခဲ့သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရသည်။ 


ဦးခင်မောင်အေးသည် ဇနီးသည်ကို ယောက္ခမနေအိမ်မှ ဆွဲခေါ်ယူရာတွင် ယောက္ခမ ဦးရွှေအေးမောင်နှင့် ဒေါ်မခင်သန်းတို့က ဝင်ရောက်ဟန့်တားသဖြင့် ယောက္ခမလင်မယားကိုသတ်ဖြတ်ပြီး ဇနီးကိုပါ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း မအီမြို့မရဲစခန်းက သိရသည်။ 


သံသယတရားခံ ဦးခင်မောင်အေးကို လူသတ်မှုဖြင့် ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားပြီး တွေ့ရှိလျှင် နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးတိုင်ကြားနိုင်အတွက် ၎င်း၏ ဓာတ်ပုံနှင့် သံတွဲခရိုင်ရဲတပ်ဖွဲ့ ဝရမ်းထုတ်ထားကြောင်း သိရသည်။ 


မျိုးမြင့်ဇော် 

Development Media Group 

http://www.dmediag.com/

Ad Blocker Detected :(

Please consider supporting us by disabling your ad blocker.

Please Disable your adblocker and Refresh the page to view the site content.