ေက်ာင္းသူမိန္းကေလးႏွစ္ဦး စကားမ်ားရန္ျဖစ္တဲ့ပြဲမွာ ေက်ာင္းသူတစ္ဦးရဲ့ မိခင္က သမီးျဖစ္သူကို ဓားကမ္းေပးၿပီး အျခားမိန္းကေလးကို ဓားနဲ႔ထိုးရန္ အားေပးအားေျမာက္ျပခဲ့သလို အဆိုပါရက္စက္တဲ့ ရန္ပြဲကို ဝင္ေရာက္ဖ်န္ေျဖမည့္သူမရွိပဲ ေဘးကေနသာ ဝိုင္းဝန္းၾကည့္ရွုေနခဲ့ၾကသည္။

ေက်ာင္းသူႏွစ္ဦး ရန္ပြဲမွာ အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးရဲ့ မ်က္ႏွာ၊ လက္ေမာင္း၊ လက္နဲ႔ ရင္ဘတ္တို႔ ဓားျပတ္ရွဒဏ္ရာမ်ား ရရွိခဲ့ၿပီး ေဆး႐ုံမွာ ကုသမွုခံယူခဲ့ရပါတယ္။ ျဖစ္စဥ္ကို ရဲအဖြဲ႕မွ စစ္ေဆးေမးျမန္လၽွက္ရွိသည္။

ရန္ျဖစ္ခဲ့ေသာ ေက်ာင္းသူေလးႏွစ္ဦးမွာ အခ်စ္ဆုံးသူငယ္ခ်င္းမ်ား ျဖစ္ခဲ့ၾကပုံရၿပီး လူမွုကြန္ယက္ေပၚမွ အေၾကာင္းအရာတစ္ခုနဲ႔ ပက္သက္ၿပီး ျငင္းခုံၾကရမွာ ရန္ထျဖစ္ခဲ့ၾကျခင္းျဖစ္သည္။

Elaine Santiago အမည္ရွိ အမ်ိဳးသမီးက အသက္ ၁၄ ႏွစ္အရြယ္ သူ႔သမီးကို ဓားကမ္းေပးခဲ့ၿပီး ပတ္ဝန္းက်င္မွ လူမ်ားကိုလည္း ရန္ပြဲကို ဝင္ေရာက္မဖ်န္ေျဖရန္ တားျမစ္ခဲ့ျခင္ျဖစ္ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ထြက္ဆိုခဲ့သည္။
ရန္ပြဲအၿပီးမွာ သမီးျဖစ္သူရဲ့ လက္ထဲမွ ဓားကိုဆြဲယူၿပီး သမီးငယ္နဲ႔အတူ ထြက္ေျပးသြားခဲ့သည္။

ဇြန္လ ၆ ရက္ေန႔က ဘရာဇီးနိုင္ငံေျမာက္ပိုင္းက စာသင္ေက်ာင္းတစ္ေက်ာင္းမွာ ျဖစ္ပြားခဲ့တဲ့ ေက်ာင္းသူႏွစ္ဦး ရန္ပြဲမွာ သမီးကို ဓားကမ္းေပးခဲ့တဲ့ အမ်ိဳးသမီးအေနနဲ႔ လူသတ္မွုက်ဴးလြန္ရန္ အားေပးအားေျမာက္ျပဳမွုအတြက္ အမွုရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY 
Unicode
ကျောင်းသူနှစ်ဦးရန်ပွဲမှာ မိခင်ကဓားကမ်းပေးပြီး အသေသတ်ခိုင်း

ကျောင်းသူမိန်းကလေးနှစ်ဦး စကားများရန်ဖြစ်တဲ့ပွဲမှာ ကျောင်းသူတစ်ဦးရဲ့ မိခင်က သမီးဖြစ်သူကို ဓားကမ်းပေးပြီး အခြားမိန်းကလေးကို ဓားနဲ့ထိုးရန် အားပေးအားမြောက်ပြခဲ့သလို အဆိုပါရက်စက်တဲ့ ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေမည့်သူမရှိပဲ ဘေးကနေသာ ဝိုင်းဝန်းကြည့်ရှုနေခဲ့ကြသည်။ 

ကျောင်းသူနှစ်ဦး ရန်ပွဲမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးရဲ့ မျက်နှာ၊ လက်မောင်း၊ လက်နဲ့ ရင်ဘတ်တို့ ဓားပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။ ဖြစ်စဉ်ကို ရဲအဖွဲ့မှ စစ်ဆေးမေးမြန်လျှက်ရှိသည်။ 

ရန်ဖြစ်ခဲ့သော ကျောင်းသူလေးနှစ်ဦးမှာ အချစ်ဆုံးသူငယ်ချင်းများ ဖြစ်ခဲ့ကြပုံရပြီး လူမှုကွန်ယက်ပေါ်မှ အကြောင်းအရာတစ်ခုနဲ့ ပက်သက်ပြီး ငြင်းခုံကြရမှာ ရန်ထဖြစ်ခဲ့ကြခြင်းဖြစ်သည်။ 

Elaine Santiago အမည်ရှိ အမျိုးသမီးက အသက် ၁၄ နှစ်အရွယ် သူ့သမီးကို ဓားကမ်းပေးခဲ့ပြီး ပတ်ဝန်းကျင်မှ လူများကိုလည်း ရန်ပွဲကို ဝင်ရောက်မဖျန်ဖြေရန် တားမြစ်ခဲ့ခြင်ဖြစ်ကြောင်း မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ 
ရန်ပွဲအပြီးမှာ သမီးဖြစ်သူရဲ့ လက်ထဲမှ ဓားကိုဆွဲယူပြီး သမီးငယ်နဲ့အတူ ထွက်ပြေးသွားခဲ့သည်။ 

ဇွန်လ ၆ ရက်နေ့က ဘရာဇီးနိုင်ငံမြောက်ပိုင်းက စာသင်ကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသူနှစ်ဦး ရန်ပွဲမှာ သမီးကို ဓားကမ်းပေးခဲ့တဲ့ အမျိုးသမီးအနေနဲ့ လူသတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုမှုအတွက် အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

ဖိုးသူတော် (www.phothutaw.com) 
Credit: POPOLAY