ေညာင္ေလးပင္ၿမိဳ႕နယ္၌ အေႂကြးကိစၥေျဖရွင္းရာမွ လူသတ္မႈ ျဖစ္ပြား

2 minute read

ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕နယ္ ၾကာအင္းႀကီးေက်းရြာတြင္ ဇြန္ ၁၈ ည ၈ နာရီ ၄၀ အခ်ိန္ခန္႔က အေႂကြးကိစၥေျဖရွင္းရာမွ လူသတ္မႈ႔ျဖစ္ပြါးေၾကာင္းသိရသည္။ 

ျဖစ္စဥ္မွာ ၾကာအင္းႀကီးေက်း ရြာ လယ္တဲ၌ေနထိုင္သူ မေအးေအးခိုင္(၄၂ႏွစ္)အား လယ္ထဲရွိေန အိမ္၌ေနထိုင္စဥ္ တစ္ရြာတည္းေန သူ သန္းေဇာ္လင္း(၂၃ႏွစ္)က အေၾကြးကိစၥေျဖရွင္းရန္ ရြာထဲရွိ ဦးစိုးခင္၏ ေခါင္းရင္းတဲ အိမ္ေရွ႕ သို႔ ေခၚဆိုရာ တဲေရွ႕အေရာက္တြင္ အသင့္ပါလာေသာ အ႐ိုးအသြား ၁၁လက္မရွိ စတီးဓားျဖင့္ ေနာက္ ေက်ာမွထိုးလိုက္ရာ မေအးေအးခိုင္ မွာ အခင္းျဖစ္ေနရာ၌ပင္ ေသဆံုး သြားခဲ့သည္။ 


 ည ၁ဝ နာရီ ၁၅မိနစ္တြင္ ေသဆံုးသူ၏ခင္ပြန္းက ၿမိဳ႕မရဲစခန္း ၌ တရားလိုျပဳလုပ္အမႈဖြင့္ခဲ့ၿပီး ေညာင္ေလးပင္ၿမိဳ႕မ ရဲစခန္းမွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေန ရာမွထြက္ေျပးတိမ္းေရွာင္သြားေသာ ျပစ္မႈက်ဴးလြန္သူသန္းေဇာ္လင္းအား ဇြန္လ ၁၉ ရက္ေန ့ယေန႔နံနက္ ၇နာရီခြဲတြင္ဖမ္းဆီး ႏိုင္ခဲ့ေၾကာင္း သိရသည္။ 

ၿမိဳ႕မရဲစခန္းမွဴးဒုရဲမွဴးေဌးဝင္းက ''ျဖစ္စဥ္ကေတာ့ ေၾကြးေတာင္း တဲ့ကိစၥနဲ႕စျဖစ္တာ အမႈဖြင့္ၿပီး ၁ဝ နာရီအတြင္းမွာပဲ တရားခံကိုဖမ္းဆီး ရမိခဲ့ပါတယ္''ဟု ေျပာသည္။ 

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈ က်ဴးလြန္သူ သန္းေဇာ္လင္းအား ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂ ျဖင့္ ဖမ္း ဆီး အေရးယူဆာင္ရြက္လ်က္ရွိ ေၾကာင္း သိရသည္။ 

ကိုေထြး(ေညာင္ေလးပင္) / ကိုသူရ(ေညာင္ေလးပင္) 
Unicode



ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကြာအင်းကြီးကျေးရွာတွင် ဇွန် ၁၈ ည ၈ နာရီ ၄၀ အချိန်ခန့်က အကြွေးကိစ္စဖြေရှင်းရာမှ လူသတ်မှု့ဖြစ်ပွါးကြောင်းသိရသည်။ 


ဖြစ်စဉ်မှာ ကြာအင်းကြီးကျေး ရွာ လယ်တဲ၌နေထိုင်သူ မအေးအေးခိုင်(၄၂နှစ်)အား လယ်ထဲရှိနေ အိမ်၌နေထိုင်စဉ် တစ်ရွာတည်းနေ သူ သန်းဇော်လင်း(၂၃နှစ်)က အကြွေးကိစ္စဖြေရှင်းရန် ရွာထဲရှိ ဦးစိုးခင်၏ ခေါင်းရင်းတဲ အိမ်ရှေ့ သို့ ခေါ်ဆိုရာ တဲရှေ့အရောက်တွင် အသင့်ပါလာသော အရိုးအသွား ၁၁လက်မရှိ စတီးဓားဖြင့် နောက် ကျောမှထိုးလိုက်ရာ မအေးအေးခိုင် မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံး သွားခဲ့သည်။ 


See Also :

 ည ၁ဝ နာရီ ၁၅မိနစ်တွင် သေဆုံးသူ၏ခင်ပွန်းက မြို့မရဲစခန်း ၌ တရားလိုပြုလုပ်အမှုဖွင့်ခဲ့ပြီး ညောင်လေးပင်မြို့မ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေ ရာမှထွက်ပြေးတိမ်းရှောင်သွားသော ပြစ်မှုကျူးလွန်သူသန်းဇော်လင်းအား ဇွန်လ ၁၉ ရက်နေ့ယနေ့နံနက် ၇နာရီခွဲတွင်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ 


မြို့မရဲစခန်းမှူးဒုရဲမှူးဌေးဝင်းက ''ဖြစ်စဉ်ကတော့ ကြွေးတောင်း တဲ့ကိစ္စနဲ့စဖြစ်တာ အမှုဖွင့်ပြီး ၁ဝ နာရီအတွင်းမှာပဲ တရားခံကိုဖမ်းဆီး ရမိခဲ့ပါတယ်''ဟု ပြောသည်။ 


ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ သန်းဇော်လင်းအား ညောင်လေးပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် ဖမ်း ဆီး အရေးယူဆာင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 


ကိုထွေး(ညောင်လေးပင်) / ကိုသူရ(ညောင်လေးပင်) 

Crd

Ad Blocker Detected :(

Please consider supporting us by disabling your ad blocker.

Please Disable your adblocker and Refresh the page to view the site content.