“o “ေဒသတြင္ ေဆးေၾကာင္ေနသည္ဆုိသူ တစ္ဦးက လူ ၇ ဦးကုိ ဓားျဖင့္ခုတ္သတ္
“ဝ”တပ္ဖြဲ႕ (UWSA )ထိန္းခ်ဳပ္ရာ “ဝ” ေဒသ မန္မန္ဆုိင္ၿမိဳ႕တြင္ ေဆးေၾကာင္ေနသည္ဆုိသူတစ္ဦးက လူ ၇ ဦးကုိ ဓားျဖင့္ခုတ္သတ္၍ ထြက္ေျပးခဲ့သည့္ အမႈတစ္ခု ဇြန္လ ၁၀ ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း လားရွိဳးၿမိဳ႕ရွိ (UWSA )ဆက္ဆံေရးရံုးတာ၀န္ခံ ဦးညီရမ္းက ယေန႕ ( ဇြန္ ၁၈)ညပိုင္းတြင္ AHN သုိ႔ေျပာသည္။
“ “ဝ"ျပည္နယ္ မန္မန္ဆိုင္ၿမိဳ႕ သတၱဳတြင္းမွာျဖစ္တာပါ။ လူတစ္ေယာက္က ေဆးေၾကာင္ျပီး ပတ္ဝန္းက်င္ရွိလူ (၇) ေယာက္ကုိခုတ္သတ္ထြက္ေျပးခဲ့တာပါ။ ျပစ္မႈက်ဴးလြန္သူကုိ အခင္းျဖစ္ပြားရာပတ္ဝန္းက်င္ရွိလူမ်ားက ရိုက္ႏွက္ဖမ္းဆီးခဲ့ၾကၿပီး ကြ်န္ေတာ္တုိ႔ ရဲ႕ ဝိန္းေကာင္ခရိုင္ ရဲစခန္းသို႔ အပ္ႏံွခဲ့ပါတယ္။ ျပစ္မႈက်ဴးလြန္သူကုိ စစ္ေဆးေနပါၿပီ။ ႏွစ္ဦးေသၿပီး က်န္ ၅ ဦးကုိေဆးကုသမႈေပးေနတယ္လုိ႔ သိရပါတယ္။ အတိအက်ကေတာ့ မနက္ျဖန္မွ သိရမွာပါ “ ဟု ၄င္းကေျပာသည္။
လူသတ္မႈျဖစ္သည့္ အတြက္ ျပစ္မႈက်ဴးလြန္သူမွာ ေသဒဏ္က်ခံရႏိုင္ဖြယ္ရွိသည္ဟုလည္း ဦးညီရမ္းကေျပာသည္။ “ “ဝ"ေဒသတြင္ ျပစ္မႈက်ဴးလြန္ပါက UWSA အဖြဲ႕၏စည္းကမ္းမ်ား အတိုင္း ျပစ္ ဒဏ္ ေပးေလ့ရွိသည္ဟုလည္း ၄င္းကဆုိသည္။
စိုင္းမင္း
The Asia Heart News
Unicode
(10.6.2018)နေ့ "ဝ"ပြည်နယ် မန်မန်ဆိုင်မြို့သတ္တုတွင်းမှာ ဆေးကြောင်ပြီး ပတ်ဝန်းကျင်ရှိလူ (၇) ယောက်အားခုတ်သတ်ထွက်ပြေးခဲ့တဲ့ တရားခံအား အခင်းဖြစ်ပွားရာပတ်ဝန်းကျင်ရှိလူများမှရိုက်နှက်ဖမ်းဆီးခဲ့ကြပြီး ဝိန်းကောင်ခရိုင်ရဲစခန်းသို့အပ်နံှကာ ၎င်းတရားခံအားအမှုစစ်ဆေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ဓါတ်ပုံ = ညီရမ်း လားရှိုး၊ ဇွန် ၁၈။
“ဝ”တပ်ဖွဲ့ (UWSA )ထိန်းချုပ်ရာ “ဝ” ဒေသ မန်မန်ဆိုင်မြို့တွင် ဆေးကြောင်နေသည်ဆိုသူတစ်ဦးက လူ ၇ ဦးကို ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေးခဲ့သည့် အမှုတစ်ခု ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ရှိ (UWSA )ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ယနေ့ ( ဇွန် ၁၈)ညပိုင်းတွင် AHN သို့ပြောသည်။
“ “ဝ"ပြည်နယ် မန်မန်ဆိုင်မြို့ သတ္တုတွင်းမှာဖြစ်တာပါ။ လူတစ်ယောက်က ဆေးကြောင်ပြီး ပတ်ဝန်းကျင်ရှိလူ (၇) ယောက်ကိုခုတ်သတ်ထွက်ပြေးခဲ့တာပါ။ ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်ပွားရာပတ်ဝန်းကျင်ရှိလူများက ရိုက်နှက်ဖမ်းဆီးခဲ့ကြပြီး ကျွန်တော်တို့ ရဲ့ ဝိန်းကောင်ခရိုင် ရဲစခန်းသို့ အပ်နံှခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို စစ်ဆေးနေပါပြီ။ နှစ်ဦးသေပြီး ကျန် ၅ ဦးကိုဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ အတိအကျကတော့ မနက်ဖြန်မှ သိရမှာပါ “ ဟု ၎င်းကပြောသည်။
လူသတ်မှုဖြစ်သည့် အတွက် ပြစ်မှုကျူးလွန်သူမှာ သေဒဏ်ကျခံရနိုင်ဖွယ်ရှိသည်ဟုလည်း ဦးညီရမ်းကပြောသည်။ “ “ဝ"ဒေသတွင် ပြစ်မှုကျူးလွန်ပါက UWSA အဖွဲ့၏စည်းကမ်းများ အတိုင်း ပြစ် ဒဏ် ပေးလေ့ရှိသည်ဟုလည်း ၎င်းကဆိုသည်။
စိုင်းမင်း
The Asia Heart News